ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ

ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချထားပေးသော မြေကွက်များကို အဆောက်
အအုံ ဆောက်လုပ်ရန်နှင့် ခြံစည်းရိုးခတ်ကြရန် မန်းစည်ပင် က အသိပေးကြေညာခဲ့ရာ မြေယာပိုင်
ဆိုင်မှုဂရန်ကိုင်ထားသူများက ခြံစည်းရိုးခတ်ရာတွင် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသူများနှင့် အချင်း
ပွားမှုများဖြစ်ပွားနေကြောင်း သိရသည်။

အချင်းပွားမှုများမှာ မန္တလေးမြို့ တောင်ပိုင်းရှိနေရာများတွင် အများဆုံး ဖြစ်ပွားနေပြီး၊ မြို့ကွက်သစ်
ဖော်ထုတ်ရန် မြေယာသိမ်းယူခဲ့စဉ်က နစ်နာကြေး ရသူများရှိခဲ့သကဲ့သိ့ု မရခဲ့သူများလည်းရှိကြောင်း
၁၉၉၇-၉၈ ခုနှစ် မြို့ကွက်သစ်ဖော်ထုတ်ရေးအတွက် လယ်မြေအသိမ်းခံခဲ့ရသောသူများကဆိုသည်။

"စည်ပင်ကို ခြံဝင်းခတ်ဖို့အတွက် ခွင့်ပြုမိန့်တွေလည်း တင်ထားပြီးပြီ။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်တဲ့မြေ
ကို ခြံခတ် ဖို့သွားတော့ စည်ပင်ရွာနဲ့ ရွာသစ်က လေးရွာက လူတွေထွက်လာပြီး ခြံဝင်း မခတ်ဖို့
ပြောကြတယ်။ ကျွန်မတို့မှာ ပိုင်ဆိုင်မှု အထောက်အထားရှိနေတာကို သူတို့ ကခွင့်မပြုဘူး။
အုပ်ချုပ်ရေးမှူးတွေ နဲ့ မြို့နယ်ရဲအရာရှိတွေလည်းပါတယ်။ သူတို့လည်း ဘာမှလုပ်မပေးနိုင်ဘူး။
ကျွန်မတို့ခတ်ထားတဲ့ ခြံဝင်းတွေကို ညပိုင်းမှာ အကုန်လုံးဖျက်ဆီးပစ်ထား ကြတယ်။

"ခြံဝင်းမခတ်ဘူးဆိုရင်လည်း စည်ပင်ကသိမ်းမယ်။ ခြံဝင်းခတ်ဖို့သွား တော့လည်း သွေးချောင်းစည်း
ရုံပဲရှိတော့တယ်"ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိ လလ/၅၃ အကွက်အမှတ် ရ၉-၈၀ ကို ၂၀၀၆ ခုနှစ်
တွင် အစိုးရဝန်ထမ်းတစ်ဦး ထံမှဝယ်ယူထားခဲ့သူ ဒေါ်သီရိချိုက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ ချထားပေးသော မြေ
ကွက်များတွင် ခြံစည်းရိုးခတ်ခြင်းကို မတ်လ ၃၁ ရက် နေ့နောက်ဆုံးထား၍လည်းကောင်း၊
အဆောက်အအုံဆောက်လုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား ၍လည်းကောင်း
ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက မြို့တော်သာယာလှပဖွံ့ဖြိုး
ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာ
များတွင် နေ့စဉ် ကြေညာလျက်ရှိသည်ကို တွေ့ရသည်။

"၁၉၉၇-၉၈ ခုနှစ်က သိမ်းသွားတာ မှန်တယ်။ ဘာစီမံချက်မှမလာဘူး။ လုပ်လဲမလုပ်ဘူး။ အဲဒီတော့
ကိုယ်စိုက်ပျိုးနေကျ သီးနှံတွေကို ဆက်ပြီး စိုက်လာတာ ဆယ်စုနှစ်နီးပါးရှိနေပြီ။ အခုချိန်မှ ပိုင်ဆိုင်
တယ်ဆိုပြီး ၀င်းခြံလာခတ်ကြတယ်။ ဖယ်ပေးရမယ်ဆိုရင်တော့ နစ်နာ ကြေးရမှပဲ ဖယ်ပေးနိုင်မယ်"
ဟု ပြည်ကြီးတံခွန်၊ လလ -၃၄ အကွက်တွင် နေထိုင် သော ကိုစိုးမင်းထွန်းက ပြောသည်။

ပိုင်ရှင်များနှင့် ညှိနှိုင်းကြရာတွင် မြေနေရာ အကွက်အကွင်းအလိုက် မြေကွက် တစ်ကွက်ကို
ကျပ်သိန်းသုံးဆယ်မှ ကျပ် သိန်းငါးဆယ်ထိ နစ်နာကြေးအဖြစ် ရရှိရန် ဆန္ဒရှိကြကြောင်း ဒေသခံ
များကပြောသည်။

"ကျွန်တော်တို့ မြေကွက်အတွက် နစ်နာကြေးဆိုပြီး သိန်းငါးဆယ်တောင်းတယ်။ ကျွန်တော်တို့
လည်း ပြန်ပြီး စဉ်းစား ဦးမယ်။ နားလည်မှုယူပြီး ပြန်လာရတယ်"ဟု မန္တလေး လမ်း ၃၀ တွင် နေထိုင်
ပြီး ပြည်ကြီးတံခွန် ၊ လလ အကွက်တွင် မြေယာဝယ်ယူထားသော ဦးစီကွေးက ပြောသည်။

မြေဂရန်ပိုင်ဆိုင်ထားသူများက ခြံဝင်း ခတ်ရန် တာဝန်ရှိသူများအား လိုက်လံ မြေတိုင်းပေးပါရန်
တင်ပြခဲ့သော်လည်း လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။

"အခု ဖြစ်နေတာက တရားဥပဒေ စိုးမိုးမှု မရှိတဲ့ပုံစံဖြစ်နေတယ်။ မှန်တဲ့သူက မှား၊ မှားတဲ့သူကမှန်
ဖြစ်နေတယ်။ စည်ပင်က မြေယာပြဿနာတွေ ဖြစ်နေတာကို မထိန်းချုပ်နိုင်ဘဲ ဂရန်ပိုင်တဲ့သူတွေ
ကို ခြံဝင်းခတ်ခိုင်းတော့ ပြည်သူကို ပြည်သူနဲ့ ပြန်ပြီး ထိပ်တိုက်တွေ့ပေး သလိုဖြစ်နေတယ်"ဟု
မြေယာပိုင်ဆိုင်မှုဂရန်ကိုင် ဆောင်ထားသူ ကိုသားကြီးက ပြောသည်။

ပြီးခဲ့သော ၂၀၀၆-၀၇ ဘဏ္ဍာနှစ်က လည်း မြေကွက်လပ်များတွင် အဆောက်အအုံဆောက်လုပ်ရန်
ညွှန်ကြားချက်ထုတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်း သိရသည်။

"၂၀၀၆ တုန်းကလည်း ၀င်းခတ်ဆိုလို့ ခတ်ရတယ်။ လူအသွားအလာနည်းတယ်။ လယ်ကွက်တွေ
ဖြစ်နေတော့ ခတ်ထားတဲ့ ခြံစည်းရိုးလည်း ရိုက်ဖျက်ခံရတယ်။အခုကျတော့ မလိုလားအပ်တဲ့
ပြဿနာတွေဖြစ်နေရပြီ"ဟု မြေကွက်ဝယ်ယူထားသူ တစ်ဦးက ပြောသည်။

ခြံဝင်းခတ်မှု ပြဿနာများနှင့် စပ်လျဉ်း၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာ
ဌာန၊ ဌာနမှူး ဦးခင်မောင်မြင့်က "၀င်းခြံခတ်ဖို့အတွက် စည်ပင်ကိုစာတင်တယ်။ မြေတိုင်းဖို့ လိုအပ်
ရင် ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်တဲ့ ဘက်ကဆောင်ရွက်ပေးနေပါတယ်။ ၀င်းခြံခတ်လို့
အဆင်မပြေတဲ့ နေရာတွေရှိရင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို မှတ်တမ်းတင်ခိုင်း
ထားပါတယ်။ အခုလိုပြဿနာတွေဖြစ် နေတဲ့အတွက် သတ်မှတ်ရက်အတွင်း ခြံဝင်းခတ်တာ၊
အဆောက်အအုံ ဆောက်တာ မပြီးရင်တော့ ကော်မတီ အနေနဲ့မှတ်တမ်းထားပြီး ဆောင်ရွက်
ပေးမှာပါ" ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး