မန္တလေးစက်မှုဇုန်တွင် စက်မှုလုပ်ငန်းရှင်များသည် တားမြစ်ချိန်အတွင်း၌ အိမ်သုံးမီးကိုသာ အသုံးပြု
ရန် မီးလင်းရေးကြီးကြပ်မှုအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။
"စက်မှုဇုန်ထဲမှာ ညပိုင်းမီးမပေးတာကြာပါပြီ။ ဒါပေမဲ့ စာမေးပွဲဖြေမယ့် ကျောင်းသူ ကျောင်းသားတွေ
အတွက်ရယ်၊ နွေရာသီ မီးဘေးအန္တရာယ်ကင်း ဝေးဖို့ရယ်၊ နောက်ပြီး ညအချိန် စက်မှုဇုန်အတွင်းမှာ
ဒုစရိုက်မှုတွေမဖြစ်အောင် ရယ်ဆိုပြီး ကျွန်တော်တို့ မီးလင်းရေး ကြီးကြပ်မှုအဖွဲ့ကနေ ညပိုင်း
လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အိမ်သုံးမီးအတွက်ပဲ
ဖြစ်ပါတယ်။ ညပိုင်း စက်မှုလုပ်ငန်းတွေ မလည်ပတ်ဖို့အတွက် တစ်ဦး ချင်းတာဝန်သိသိနဲ့ လိုက်နာ
ဖို့လိုအပ်ပါတယ်။ ဒီအတွက်လုပ်ငန်းရှင်တွေကိုလည်း မေတ္တရပ်ခံထားပါတယ်"ဟု မန္တလေးစက်မှုဇုန်
မီးလင်းရေးကြီးကြပ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နွေရာသီလျှပ်စစ်ဓာတ်အားမလုံလောက်ချိန်တွင် အများပြည်သူဓာတ် အားသုံးစွဲမှုအဆင်ပြေစေရေး
နှင့် ဗို့အားကျဆင်းမှု မဖြစ်ပေါ်စေရေးတို့အတွက် စက်မှုဇုန်များကို နေ့စဉ် ညနေ ၅ နာရီမှ နောက်
တစ်နေ့နံနက် ၅ နာရီအထိနှင့် ရပ်ကွက်ကျေးရွာအတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများကို ညနေ ၄
နာရီမှ နောက် တစ်နေ့နံနက် ၅ နာရီအထိ စက်မှု လက်မှုလုပ်ငန်းဓာတ်အားသုံးစွဲခြင်းမပြုရန်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက တားမြစ်ချက်ထုတ်ပြန်
ထားသည်။
"တားမြစ်ချိန်အတွင်းမှာ လုပ်ငန်း လုပ်ကိုင်ခဲ့ရင် ပထမအကြိမ် သတိ ပေးမယ်။ ဒုတိယအကြိမ်ဆိုရင်
ရပ်ကွက်အလိုက် မီးပေးထားတဲ့ ထရန်စဖော်မာကနေ ဓာတ်အား ဖြတ်တောက်မယ်။ ဒါ့ကြောင့်
သူများအိမ်က ကန့်သတ်ချိန်အတွင်းမှာ ခိုးပြီးစက်လည်ရင် အိမ်နီးချင်းတွေ ကနေ အချင်းချင်းထိန်းဖို့
လိုပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဖိဒါအလိုက် ဓာတ်အား ဖြတ်တောက်သွားပါမယ်"ဟု အဆိုပါ
အဖွဲ့ဝင်က ပြောသည်။
မန္တလေးစက်မှုဇုန်အတွင်း၌ အကြီး စားစက်မှုလုပ်ငန်း ၃၆၇ ခု၊ အလတ်စား စက်မှုလုပ်ငန်း ၃၁၂ ခု၊
အသေးစားစက် မှုလုပ်ငန်း ၈၂၃ ခုရှိကြောင်း သိရသည်။















