ကားမောင်းပြိုင်ပွဲ မန္တလေးကို ဖြတ်မည်

ကားမောင်းပြိုင်ပွဲ မန္တလေးကို ဖြတ်မည်

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ နိုင်ငံတို့ပါ၀င်သည့် လေးနိုင်ငံကား မောင်းပြိုင်ပွဲ (BCIM)
သည် မန္တလေးမြို့ ကို ဖြတ်သန်းမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

"ဘင်္ဂလားဒေ့ရှ်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစပြီး ထွက်ခွာမယ်။ ၂၆ ရက် နေ့မှာ မြန်မာနိုင်ငံ
တမူးမြို့၊ ၂၇ ရက်နေ့ မှာ ကလေးမြို့နဲ့ ၂၈ ရက်နေ့မှာ မန္တလေး မြို့ကိုရောက်မယ်လို့ ခန့်မှန်းထားပါ
တယ်"ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့ပါ၀င်သည့် လေးနိုင်ငံကား မောင်းပြိုင်ပွဲဝင်
များ သည် မန္တလေးမြို့တွင် တစ်ညတာ တည်းခိုပြီး မတ်လ ၁ ရက်နေ့ နံနက် ရ နာရီတွင် ပြန်လည်
ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း အိန္ဒိယ-အာဆီယံ ကားမောင်းပြိုင်ပွဲဝင်
ကားများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး