အရိုးကျန်းမာရေး ဟောပြော
မန္တလေးမြို့တွင် အရိုးကျန်းမာရေးနှင့် ပတ်သက်သည့် လူထုကျန်းမာရေး ပညာပေးဟောပြောပွဲကို
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က Hotel Mandalay (Ballroom) ၌ ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် အရိုးအကြောအဆစ် အထွေထွေအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်အထူးကု
ဌာန၊ မန္တ လေး ပြည်သူ့ဆေးရုံကြီး ပါမောက္ခ၊ ဌာနမှူး ဒေါက်တာဝင်းညီရှိန်က အရိုးပါးရောဂါ
အကြောင်းနှင့်ပတ်သက်သော ကျောရိုး ကျိုးခြင်းဝေဒနာအကြောင်း သိကောင်း စရာခေါင်းစဉ်ဖြင့်
ဟောပြောခဲ့ပြီး၊ အဆိုပါပွဲသို့ တက်ရောက်လာသူများအား ဒေါက်တာ ဖြူဖြူကျော်သိန်း၊ ဒေါက်တာ
ချစ်သုဝေနှင့် နီနီခင်ဇော်တို့က အရိုးကျန်းမာရေးပတ်သက်သည့်၍ တစ်ဦးချင်း ဆွေးနွေးခဲ့ကြသည်။















