ဖောင်းကြွနံပါတ်ပြား တပ်ဆင်မထားသော ဆိုင်ကယ်များကို အရေးယူသွားမည်

ဖောင်းကြွနံပါတ်ပြား တပ်ဆင်မထားသော ဆိုင်ကယ်များကို အရေးယူသွားမည်

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကညန ဖောင်းကြွနံပါတ်
များ တပ်ဆင် ခြင်းမရှိသော မော်တော်ဆိုင်ကယ်များ ကို ပူးပေါင်းအဖွဲ့များဖွဲ့၍ အရေးယူသွားမည်
ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မော်တော်ဆိုင်ကယ်ဖောင်း ကြွ နံပါတ်ပြားများကို
၂၀၁၃ ခုနှစ်၊ ဇန်နဝါလ ၁၅ ရက်နေ့ နောက်ဆုံးထား ထုတ်ယူရန် ကြေညာထားသော်လည်း
လာရောက်ထုတ်ယူရန် ကျန်ရှိနေကြ သေးကြောင်း သိရသည်။

"ဖောင်းကြွနံပါတ်ပြားတွေ ထုတ်ယူဖို့ အစီးရေ ၁၂၂,၅၇၅ စီးကျန်နေသေး တယ်။ နောက်ဆုံးရက်
ကိုလည်း အကြိမ် ကြိမ် ကြေညာထားတယ်။ ဒါပေမဲ့ ကျန် နေတဲ့အရေအတွက်က များနေတယ်။
ဖောင်းကြွနံပါတ်ပြားတွေကို ထုတ်မယူဘဲ ပြင်ပက ဆိုင်ကယ်နံပါတ်ပြားတွေ တပ်ဆင်အသုံးပြုနေ
တဲ့အတွက် သတိ ပေးကာလ ကျော်လွန်သွားရင် စစ်ဆေးအရေးယူသွားမှာပါ"ဟု ၎င်းက
ဆက်လက်ပြောသည်။

"ဖောင်းကြွနံပါတ်ပြား သွားထုတ်တာ သုံးခါလောက်ရှိတယ်။သွားထုတ်ရင်မရ သေးဘူးဆိုပြီးပြော
တော့ သွားပြီးမထုတ် ဖြစ်ဘူး။ အခုကျမှ စစ်ဆေးအရေးယူမယ်ဆိုတော့ သွားထုတ်တယ်။ ထုတ်တဲ့
သူ တွေများတော့ မစောင့်နိုင်လို့ ၂,၀၀၀ ပေး ပြီးထုတ်ခိုင်းရတယ်"ဟု ဖောင်းကြွ နံပါတ် ပြားထုတ်
ခဲ့သူတစ်ဦးက ပြောသည်။

"သွားထုတ်တုန်းက မရသေးဘူးဆို တော့ မထုတ်ဖြစ်ဘူး။ ချလံသိမ်းထားလိုက်တယ်။ အခုမရ
တော့ဘူးဆိုတော့ သွားထုတ်တယ်။ ခဏတော့စောင့်ရတယ်။ ချက်ချင်းရပါတယ်"ဟု ကိုယ်တိုင်
ထုတ်ယူခဲ့သူ တခြားသူတစ်ဦးဖြစ်တဲ့ ကိုစိုးရာဇာက ပြောသည်။

ကညန ဖောင်းကြွနံပါတ်ပြားများ တပ်ဆင်ခြင်းမရှိသော ဆိုင်ကယ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ စည်ပင်သာယာရဲ
တပ်ဖွဲ့စသည့် စုစုပေါင်းအင်အား ၁၀ ယောက်ဖြင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရ
သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့က မန္တလေး မြို့ပေါ်ရှိ အချက်အချာကျသော နေရာများကို လှည့်လည်
စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး