ငလျင်ကြောင့် ပညာသင်ကြားရေး၌ အခက်အခဲဖြစ်နေ

ငလျင်ကြောင့် ပညာသင်ကြားရေး၌ အခက်အခဲဖြစ်နေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်းရှိ ကျေး ရွာပေါင်း ၁၆ ရွာမှ
ကျောင်းသား ၁,၅၀၀ ခန့် ပညာသင်ကြားနေရသော တွင်းငယ် ကျေးရွာအုပ်စုရှိ အခြေခံပညာ
အထက်တန်းကျောင်းခွဲမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရာ ပညာသင်ကြား ရေးအတွက်
အခက်အခဲဖြစ်နေကြောင်း သိရသည်။

"ကျောင်းမှာ အဆောင်လေးဆောင်ရှိတယ်။ သုံးဆောင်က အားလုံးပြိုကျသွားတာ။ ကျန်တဲ့
အဆောင်ထဲမှာလည်း ကလေးတွေ စာသင်လို့မရဘူး။ ငလျင်က နေ့စဉ်နဲ့အမျှ လှုပ်နေတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လာသွားပြီးတော့ ကျောင်းအတွက် မိုးကာလေးချပ်ပဲ ပေးသွားတယ်။
တောထဲက သစ်လုံးနဲ့ အမိုးကပ်တွေခုတ်ပြီး ယာယီတဲနဲ့ စာသင်နေရတယ်"ဟု တွင်းငယ်ကျေးရွာ
အုပ်စုမှ ရပ်မိရပ်ဖတစ်ဦး ဦးလေးဝင်းက၊ပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် အထက်တန်းကျောင်းငါးကျောင်းရှိပြီး၊ တွင်းငယ် ကျေးရွာအုပ်စုရှိ
ကျောင်းမှာအထက်တန်းကျောင်းခွဲသာဖြစ်သည့်အတွက် အထက်တန်းကျောင်းဖြစ်ရန် သက်ဆိုင်
ရာသို့ တင်ပြထားသော်လည်း၊ခွင့်ပြုချက် မရရှိသေးကြောင်း ကျောင်းကော်မတီဝင်တစ်ဦးက ပြော
သည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြား စာသင်ကျောင်းများ ပြန်လည်တည် ဆောက်ပြုပြင်ရာတွင်
ရာခိုင်နှုန်းတော် တော်များများ ပြုပြင်ဆောင်ရွက်ပြီးစီးနေ သော်လည်း တွင်းငယ်ကျောင်းမှာ အကူ
အညီမဲ့နေရခြင်းအတွက် ၀မ်းနည်းမိ ကြောင်း ဒေသခံများက ဆိုသည်။

"ရာသီဥတုကလည်း ပြောင်းနေပြီ။နွေရဲ့အပူဒဏ်၊ မိုးရဲ့ ရိုက်ခတ်မှုတွေကို အကာအကွယ် အမိုးမဲ့ပြီး
စာသင်နေရတဲ့ ကလေးတွေအတွက် ကြာလာမယ်ဆိုရင် ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါ
တယ်။ အခုကို ဖျားနာမှုတွေ စဖြစ်နေပါပြီ"ဟု သီးကုန်းကျေးရွာ မှ ဦးမျိုးကြိုင်က ပြောသည်။

ငလျင်ဒဏ်သင့်သူများအတွက် အထောက်အပံ့အကူအညီများပေးရာတွင် တန်းတူညီမျှပေးခြင်း မရှိ
သည့် အတွက်ကိုလည်း ခံစားနေကြရကြောင်း ၎င်းက ဆက်လက် ပြောသည်။

"အဝတ်အထည်တွေကို တန်းတူမရ တုန်းက ဘာမှမပြောခဲ့ပါဘူး။ ငွေကြေး ထောက်ပံ့တဲ့အခါတော့
ကျွန်တော်တို့ သီးကုန်းရွာအတွက် တစ်ကြိမ်ပဲရပါတယ်။ ၀ါးရုံကုန်းမှာဆိုရင် ငွေကြေး ထောက်ပံ့မှု
သုံးကြိမ်ရှိတယ်။ နိုင်ငံတော်ကပေးတဲ့ အကူအညီတွေကို ဘယ်လို ပုဂ္ဂိုလ်က ဘယ်သူ့ကို ဘယ်
လောက်ပေး၊ ဘယ်သူ့ကို ဘယ်လောက်ပေးဆိုပြီး တော့များ ခွဲခြားထားလားမသိပါဘူး၊ သတင်းက
လည်း အမှောင်ကျနေပါတယ်"ဟု ဦးမျိုးကြိုင်က ပြောသည်။

အခြားကျေးရွာများတွင်လည်း ကူညီ ထောက်ပံ့မှု တန်းတူမရရှိသော အဖြစ်များရှိနေကြောင်း
တောင်သူများက ဆိုုသည်။

တွင်းငယ်ကျေးရွာမှာ စာသင်ကျောင်းအပြင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီနှင့် သိမ်များ
ပြုပြင်ရန် လိုအပ်နေသေးကြောင်း တွင်းငယ်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ အရှင်ဥူးပညာသာရ
က မိန့်ကြားသည်။

"အပျက်အစီးက အရမ်းများတော့ တစ်ဆင့်ပြီး တစ်ဆင့်ပဲ ပြုပြင်မှုတွေကို ဆောင်ရွက်နေရပါတယ်။
နိုင်ငံတော် အစိုးရဘက်ကလည်း သုံးစွဲဖို့ရတဲ့ ငွေနဲ့ ချိန်ရတယ်။ ဖြည်းဖြည်းချင်းတော့ ပြုပြင်မှုတွေ
အဆင်ပြေသွားအောင်ဆောင် ရွက်ပေးနေပါတယ်။ တွင်းငယ်စာသင် ကျောင်းအတွက်ကို မိုးကာ
လေးချပ် အပြင် ပေ ၃၀၀ ရှိတဲ့ မိုးကာလိပ် ငါးခုကိုလည်း ပေးထားပြီးပါပြီ။ အကူအညီမရ သေးဘူး
ဆိုရင်တော့ ပစ္စည်းထုတ်ယူထားတဲ့ သူတွေရဲ့ လက်မှတ်တွေလည်း ရှိပါတယ်။

"ပြန်စစ်ဆေးဆောင်ရွက်သွားမှာပါ"ဟု သပိတ်ကျင်းမြို့နယ်၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးက
မြန်မာတိုင်း(မ်) ကို ပြောသည်။

သပိတ်ကျင်းမြို့နယ် စာသင်ကျောင်းများမှ ကလေးငယ်များအတွက် ဗလာစာအုပ် ဒါဇင် ရ,၀၀၀
ကိုလည်း ပေးအပ် လှူဒါန်းထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်လှူဒါန်းရန် ကျန်ရှိနေသေးကြောင်း
၎င်းက ပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ပြင်းအား ၆ ဒသမ ၈ ရစ်ချ်စတာ
စကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ယနေ့အချိန်ထိ နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်နေဆဲဖြစ်
ပြီး၊ အကြိမ်အရေအတွက်အားဖြင့် ၁၀၀ ကျော်ရှိနေပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး