နည်းပညာပြပွဲ ကျင်းပမည်

နည်းပညာပြပွဲ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ (၁၁)
ကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာပြပွဲ ကျင်းပမည်ဟု မန္တလေးတိုင်း
ဒေသကြီး ကွန်ပျူတာအသင်း ဥက္ကဋ္ဌ ဦးလှကောင်းက ပြောသည်။

အဆိုပါပြပွဲတွင် ကွန်ပျူတာနှင့်ဆက် စပ်ပစ္စည်းများ၊ Notebook များ၊ Tablets များ၊ Digital
Device များ၊ Mobile Phone များ၊ အသုံးချ Software များ၊ Computer Related Electronic
Device များ၊ နိုင်ငံတကာ အသိအမှတ်ပြုသင်တန်းများ၊ နောက်ဆုံးပေါ် ခေတ်မီ နည်းပညာရပ်များ
ကို အများပြည်သူ ကြည့်ရှုအားပေးနိုင်ရန် ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည်။

"အများပြည်သူတွေကို ကွန်ပျူတာနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ၊ နည်းပညာတွေ အကြောင်းကို
လေ့လာနိုင်စေရန်၊ ICT နည်းပညာပြန့်ပွားသိရှိစေရန်၊ ICT လုပ်ငန်းရှင်များရဲ့ ထုတ်ကုန်နဲ့
၀န်ဆောင်မှုများကို လူထုအကြား ပို့ဆောင်် ပေးနိုင်ရန်ရည်ရွယ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြော
ကြားသည်။

အသင်းဝင်များကိုလည်း ပြပွဲကာလအတွင်း၌ အသင်းရုံးပြခန်းတွင် ဗလာမပါ ကံစမ်းမဲအစီအစဉ်
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီပြပွဲမှာ ပြခန်းပေါင်း ရ၃ ခန်းနဲ့ ကုမ္ပဏီပေါင်း ၄၅ ခုကျော်က ၀င်ရောက် ပြသကြမှာဖြစ်ပြီး၊
ယှဉ်ပြိုင်ရောင်းချမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းတွေလည်း သက်သာနိုင်ပါတယ်။ ပြပွဲကအခန်းခ နှုန်း
တွေကို ကျပ်၂၀၀,၀၀၀ ကနေ ကျပ် ၅၀၀,၀၀၀ထိ အခန်းအကျယ်အဝန်း အလိုက်သတ်မှတ်ထားပါ
တယ်"ဟု ဦးလှကောင်းက ပြောသည်။

အဆိုပါနည်းပညာပြပွဲကို မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၆ နာရီအချိန်
အတွင်း ပြသမည် ဖြစ်ပြီး မြို့တော်ခန်းမ (၁) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး