ဟန်းဆက်ရောင်းအားများ လေးပုံသုံးပုံခန့်ကျ

ဟန်းဆက်ရောင်းအားများ လေးပုံသုံးပုံခန့်ကျ

၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်များတွင် ဖုန်းဟန်းဆက်ရောင်း
အားများ ထက်ဝက်ကျော် ကျဆင်းလာကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

"အစက တန်ဖိုးနည်းဖုန်းကတ်တွေ နှစ်ဆန်းမှာထွက်မယ်ဆိုလို့ လူတွေက စောင့်နေကြတာ။ မျှော်
လင့်နေကြတဲ့ တန်ဖိုးနည်းဖုန်းကတ် အသစ်ကလည်း ထွက်မလာဘူး။ နှစ်သိန်းကတ်တွေကိုလည်း
ကုမ္ပဏီတွေက ပြန်သိမ်းသွားကြ တော့ ဖုန်းဟန်းဆက်ရောင်းအားက သိသိသာသာကျလာတယ်။
ဖုန်းကတ်ထွက်လာတဲ့အချိန်မှပဲ ရောင်းအားက ပြန်တက်လာတော့မှာပဲ"ဟု Anycall ဖုန်းနှင့် ဖုန်း
အပိုပစ္စည်းအရောင်းဆိုင်မှ ကိုမျိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လတ်တလောတွင် ကျပ်နှစ်သိန်းတန် ဖုန်းဆင်းမ်ကတ်အဟောင်းများကို ဆိုင်များက ကျပ်
၂၁၀,၀၀၀၊ ၂၂၀ ,၀၀၀ ဖြင့် ပြန်လည်ဝယ်ယူပြီး ကျပ် ၂၃၀,၀၀၀၊ ၂၄၀,၀၀၀ ဖြင့် ပြန်လည်ရောင်းချ
နေကြ ကြောင်း၊ အရေးတကြီးလိုအပ်သူများသာ ၀ယ်ယူလျက်ရှိပြီး အများစုမှာ တန်ဖိုးနည်း ဖုန်း
ကတ်အသစ်ကိုသာ စောင့်မျှော် နေကြကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

ဖုန်းကတ်အသစ်များ စတင်ရောင်းချချိန်တွင် တန်ဖိုးနည်းဟမ်းဆက်များ ရောင်းအားကောင်းသော်
လည်း နောက်ပိုင်းတွင် ကျပ်တစ်သိန်းနှင့် နှစ် သိန်းကြားရှိဖုန်းများသာ ပိုမိုရောင်းချရ ကြောင်းနှင့်
လတ်တလောဖုန်းဈေးကွက် တွင် Huawei ဟမ်းဆက်က ၄၀ ရာခိုင် နှုန်းနှင့် Samsung ဟမ်းဆက်
က ၂၀ ရာခိုင်နှုန်းနေရာယူပြီး ကျန်အမှတ်တံဆိပ်များက ၄၀ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရ
သည်။

"ဖုန်းကတ်အသစ်တွေက ဧပြီလ ၁ ရက်နေ့ထွက်မယ်ဆိုတဲ့ အသံတွေ ကြားနေပြန်ပြီ။ ဈေးကလည်း
ကျပ် ရှစ်သောင်းနဲ့ တစ်သိန်းနှစ်သောင်းကြားလို့ ကြားသလို၊ တစ်ကတ်ကို ကျပ် နှစ်သောင်း
လောက်ပဲ ရှိတော့မယ်လို့လည်းကြားတယ်။ အက်ဖ်အိုစီလို့လည်း ကြားတယ်။ ဆင်းမ်ကတ်ကို
အလကားပေးရင် ဖုန်းဟမ်းဆက်နဲ့တွဲဝယ်ရတာ၊ ဒါမှမဟုတ် တစ်လကို ဖုန်းပြောခဘယ်လောက်သုံး
ရမယ်ဆိုပြီး သတ်မှတ်တာမျိုးတွေ ဖြစ်လာမှာပေါ့။ သတင်းတွေက အမျိုးမျိုးပဲ။ ဘယ်ဟာအတည်
ဖြစ်မလဲတော့ မသိ သေးဘူး။ ဆင်းမ်ကတ်အလကားပေးတယ်ဆိုတာက အခုလောလောဆယ်
ဖြစ်ချင်မှ ဖြစ် နိုင်လိမ့်ဦးမယ်။ ဒါပေမဲ့ ၂၀၁၅ မတိုင်ခင်တော့ ဖြစ်လာမှာပါ"ဟု ဖုန်းအရောင်းဆိုင်
လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။

ဖုန်းဆင်းမ်ကတ် ထွက်မလာသေး၍ အရောင်းပါးသည့်ကာလများတွင် ဖုန်းငွေဖြည့်ကတ်ရောင်းခြင်း၊
ဖုန်းပြုပြင်ရေး ၀န်ဆောင်မှုပေးခြင်းများကိုသာ အားထား နေရကြောင်း အဆိုပါလုပ်ငန်းရှင်က ပြော
သည်။

ယခင်ထွက်ရှိခဲ့သော ဖုန်းကတ်များထက် တန်ဖိုးနည်းသည့် ဖုန်းကတ်များ ထွက်ရှိလာပါက ယခင်
ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်း ဖုန်းကတ်များထွက်စဉ်ကထက် ရောင်းအားအဆများစွာ မြင့်တက် နိုင်
သဖြင့် အဆိုပါအချိန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့် ကြောင်း ကိုမျိုးက ဆိုသည်။

"အခုက အသစ်ကိုစောင့်နေတဲ့ အနေအထားမို့ပါ။ အသစ်ထွက်လာရင်လည်း ဟမ်းဆက်တွေက
တစ်လ၊ နှစ်လ လောက် ဆက်တိုက်ရောင်းအားကောင်း လိမ့်မယ်။

"ဆိုင်သေးသေးကြီးကြီး အကုန်ရောင်းရလောက်တယ်။ ဖုန်းဆိုင်တွေ အနေနဲ့က အဲဒီအချိန်အတွက်
ပစ္စည်းကြို စုတာတို့၊ ၀န်ထမ်းဖြည့်တာမျိုး ကြိုတင် ပြင်ဆင်ထားဖို့လိုလိမ့်မယ်။ အသစ်ထွက်လာ
မယ့်ဖုန်းက တန်ဖိုးနည်းလေ ရောင်းအားများလေဖြစ်မှာပဲ။ ဒီလို အကျိုးခံစားခွင့်မျိုး ဆယ်နှစ်မှာ
တစ်ခါ ရနိုင်ဖို့မလွယ်ဘူး။ နောင်တစ်ချိန် ဒီလို ရောင်းကောင်းဖို့ လွယ်ချင်မှ လွယ်တော့မှာပါ"ဟု
၎င်းက ဖြည့်စွက်ပြောပြသည်။

ဖုန်းအရောင်းဆိုင် လုပ်ငန်းများမှာ လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အရောင်းပါးလာနိုင်သည့်
အတွက် ဖုန်းဆိုင်များသည် ဟမ်းဆက်ရောင်းဝယ် ခြင်းထက် ၀န်ဆောင်မှုနှင့် ပြုပြင်ရေးအပိုင်းကို
ပိုမိုအားထည့်လုပ်ဆောင်သင့်ကြောင့် လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး