ပြည်တွင်းစစ်ဖြစ်ပွားနေသော ကချင် ပြည်နယ်ငြိမ်းချမ်းရေးအတွက် နှစ်ဖက် တာဝန်ရှိသူများ
အလေးထားအကောင် အထည်ဖော်ရန်နှင့် လူအများအာရုံစိုက်လာစေရန်ရည်ရွယ်လျက် လူပုဂ္ဂိုလ်
နှင့် သံဃာတော်များက လိုင်ဇာမြို့အထိ မိုင်ပေါင်း ၄၀၀ ကျော်ခရီးကို အုပ်စုလိုက် ခြေလျင်သွား
ရောက်နေသည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ သံဃာတော်တစ်ပါးနှင့် လူနှစ်ဦးဖြင့် ယခုလ ရ ရက်နေ့မှစတင်ခါ
ခြေလျင် ထွက်ခွာလာရာ ယခုလ ၁၄ ရက်နေ့၊ မန္တလေးမြို့မှ ပြန်လည်ထွက်ခွာချိန်၌ အင်အားကိုးဦး
အထိ ရှိလာကြောင်း လမ်းလျှောက်ရာ၌ ပါ၀င်သူ ဦးသန့်စင်က မန္တလေးမြို့ကိုဖြတ်သန်းစဉ်ပြော
သည်။
"မြင်းခြံမြို့မှာရရှိခဲ့တဲ့ ပြည်သူတွေရဲ့ လှူဒါန်းငွေ ကျပ်သိန်း ၃၀ ကိုလည်း ကချင် စစ်ဘေးဒုက္ခသည်
တွေကို လှူဒါန်းသွားမှာပါ။ ဇန်နဝါရီလအတွင်းမှာ ရန်ကုန်က နေ လိုင်ဇာကိုချီတက်နေကြတဲ့အဖွဲ့
တွေ က ဧရာဝတီမြစ်အနောက်ခြမ်းကနေ အခုသွားနေကြပါတယ်။ အင်အား ၄၀ လောက်ပါတယ်
ကြားတယ်။ သူတို့အဖွဲ့ နဲ့ ကျွန်တော်တို့အဖွဲ့ လိုင်ဇာမှာ တွေ့ဆုံ ပူးပေါင်းမယ်"ဟု ၎င်းက၊ပြော
သည်။
၎င်းအဖွဲ့၌ ပါ၀င်သူများ၏ ကျန်းမာရေးအခြေအနေအရ လိုင်ဇာသို့ ရောက်ရှိမည့်နေ့ရက်အတိအကျ
ကို မပြောနိုင် သော်လည်း နောက်ထပ်ရက် ပေါင်း ၂၀ ခန့်အတွင်း ရောက်နိုင်မည်မှန်းကြောင်း၊
မြို့များကိုဖြတ်သန်းရာ၌ သက်ဆိုင်ရာတွင် ခံဝန်လက်မှတ်ထိုးရကြောင်း၊ ပြည်သူများနှင့် အင်န်
အယ်လ်ဒီပါတီအဖွဲ့ဝင်များ၏ အားပေးပံ့ပိုးမှုကြောင့် အခြား အခက်အခဲမရှိကြောင်း ၎င်းက ပြော
သည်။
"ဒီလိုလုပ်လို့ ကချင်ငြိမ်းချမ်းရေး အတွက် ဘယ်လောက်အကျိုးသက် ရောက်မယ်ဆိုတာ မပြော
နိုင်ပေမယ့် ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် ရန်ကုန်ကနေ မိုင်ပေါင်း ၈၀၀ လောက် ဝေးတဲ့
လိုင်ဇာမြို့အထိ သွေး၊ ချွေးတွေနဲ့ ရင်းပြီး ဇွဲနပဲနဲ့ အခုလိုလုပ်ဆောင်တာက မြန်မာစစ်ခေါင်းဆောင်
တွေ၊ နိုင်ငံတကာနဲ့ လူထုကို (ငြိမ်းချမ်းရေးအတွက်) တစ်စုံတစ်ရာ အားထုတ်လာကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်"ဟု ရန်ကုန်မြို့မှ အဖွဲ့နှင့်လိုက်ပါခဲ့ပြီး မြင်းခြံမြို့မှ အဖွဲ့များ ကို ၀င်ရောက်
အားဖြည့်ပေးသော ဦးအောင်မြင့်က ယခုလ ၁၄ ရက်နေ့တွင် ပြောသည်။
















