မိုးပွင့်စီမံချက် ၅ ဧပြီလတွင် စတင်မည်

မိုးပွင့်စီမံချက် ၅ ဧပြီလတွင် စတင်မည်

မန္တလေးတိုင်းဒေသကြီးတွင် မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်းနှစ်သောင်းကျော်
ထုတ်ပေးရန်လျာထားကာ ယခင်မိုးပွင့်စီမံချက်နှင့် မတူဘဲ ဖိတ်ခေါ်သည့် မြို့နယ်၊ ရပ်ကွက်များကို
ဦးစားပေးဆောင်ရွက်ပေးမည့် မိုးပွင့် ၅ စီမံချက်ကို ဧပြီလတွင် စတင်မည် ဖြစ်သည်ဟု လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။

"မှတ်ပုံတင်လုပ်ဖို့ ဖိတ်ခေါ်တဲ့နေရာ တွေကို အဓိကဦးစားပေးလုပ်သွားပါမယ်။ နိုင်ငံသားစိစစ်ရေး
ကတ်ပြားလုပ်ပေးမယ့်ဝန်ထမ်းတွေ ညအိပ်နားဖို့၊ စားရေးသောက်ရေး ကူညီပေးမယ့်စသဖြင့် ကူညီ
ပေးမယ့်ကျေးရွာတွေကို ဦးစားပေးဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။

ယင်းစီမံချက်အရ ဧပြီလ ၁ ရက်နေ့ မှ မေလကုန်အထိ နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများ ဆောင်
ရွက်ထုတ်ပေးသွားမည်ဖြစ်သည်။

"အခမဲ့ One stop service လုပ်ချင်တယ်။ နိုင်ငံသားစိစစ်ရေးကတ်လုပ်မယ့် လူရဲ့ဓာတ်ပုံ၊
သွေးစစ်တာ၊ စာရွက် စာတမ်းမိတ္တူ စသဖြင့် လှူဒါန်းနိုင်ပါတယ်။ တစ်ဦးကို ငွေကျပ် ၂,၀၀၀ ကျော်
ဆိုတော့ ဒီစီမံချက်က ကျပ်သိန်း ၄၀ လောက်ကုန်ကျနိုင်တာပါ။ အဲဒီအတွက် အလှူရှင်လိုအပ်နေ
ပါတယ်"ဟု ဦး သောင်းဇော်က ပြောသည်။

မိုးပွင့်စီမံချက် ဆောင်ရွက်နေစဉ်အတွင်း သွေးနှောသူများအား နိုင်ငံသား စိစစ်ရေးကဒ်ပြား လျင်မြန်
စွာထုတ်ပေး နိုင်ရေးအတွက်လည်း ပူးတွဲဆောင်ရွက် ပေးသွားမည်ဟု သိရသည်။

"မိုးပွင့်ကိုလုပ်တဲ့အချိန်မှာ သွေးနှောတွေကိုလည်း မချန်ဘူး။ ဆောင်ရွက်ပေးတယ်။ သွေးနှောတွေ
ကို မြို့နယ်ရုံးမှာ စိစစ်တယ်၊ တိုင်းရုံးမှာ စိစစ်တယ်။ သုံးနေရာစိစစ်တယ်။ ဘယ်သူဘယ်မှာ ကြာ
လဲဆိုတာ။ ဘယ်နေရာမှာ ကြာတာလဲဆိုတာ ရက်စွဲနဲ့ ပြန်စိစစ်တယ်"ဟု ဆိုသည်။

ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဦးဝင်းအောင်က "ဦးသားက ပတ်စပို့စ်လုပ်
တော့ ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲဖို့ ဖြစ်လာတယ်။ ဦးတို့က သွေးနှောဆိုတော့ အရင်တုန်းက
တစ်ခါ တစ်ခါ လုပ်ရင်သိပ်ကြာတယ်။ လေးငါး ခြောက်လလောက်ထိ ကြာတယ်။ သွားရပြီဆိုရင်
အခေါက်ခေါက်အခါခါပါပဲ။ အခုနှစ်ပတ်ထဲနဲ့တင် ပြီးသွားတယ်။ ဖောင်ဖိုး၊ မိတ္တူဆွဲတာလောက်ပဲ
ကုန်တာပါ'ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးသည် မိုးပွင့် စီမံချက်ကို ၂၀၁၁ လောက်ကတည်းက စတင်ခဲ့ပြီး နိုင်ငံသား
စိစစ်ရေးကဒ်ပြား လေးသိန်းနီးပါး ထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး