မကွေးမြို့၊ ကန်သာဈေးနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုင်ရှင်ဦးသူရစိုး၏ ဇမ္ဗူရာဇ် ရွှေဆိုင်မှရွှေဆွဲကြိုးများ
ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီက ဆွဲယူ ထွက်ပြေးသူအား ၁၀ နာရီအတွင်း ဖော်
ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဆိုင်သို့ အမည်မသိလူတစ်ဦး ရွှေဝယ်မည်ပြော၍ အရောင်းစာရေးမက ရွှေဆွဲကြိုး ၆ ကုံး ထုတ်ပြ
ရာ မကြိုက်သေး၍ အခြားဆွဲကြိုးများပြသပေးရန် ပြောဆိုသဖြင့် မိန်းကလေးက ကောင်တာ
အတွင်းမှယူနေစဉ် လူငယ်က ရွှေဆွဲကြိုး ၆ ကုံးကို ယူပြေးရာ ကာလတန်ဖိုး ၂၈ သိန်း ၃ သောင်း
ခန့်ရှိရွှေ ၄ ကျပ်သားကျော်ပါသွားကြောင်း ဆိုင်ရှင်ဦးသူရစိုးက သက်ဆိုင်ရာရဲစခန်းသို့တိုင်တန်း
သဖြင့် မကွေးမြို့၊ မြို့မရဲစခန်းက (ပ) ၄၁/၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီး၍
သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ကြိုးပမ်းခဲ့သည်။
CCTV ကင်မရာမှပုံများအရ ၎င်း လူငယ်မှာ ချမ်းမြေ့သာယာရပ်ကွက်နေ ၀င်းမင်းလတ်ဆိုသူဖြစ်
ကြောင်း ဖော်ထုတ်နိုင်ခဲ့ရာ ပြစ်မှုကျူးလွန်သူအား ၁၀ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ရွှေဆွဲ
ကြိုး ၆ ကုံးအနက် ၁ ကုံးကို အမိန့်ရ အပေါင်ဆိုင်တွင် ကျပ် ၃ သိန်းခွဲဖြင့် ပေါင်နှံထားကြောင်းနှင့်
ကျန်ဆွဲကြိုးများ ကို ၎င်းနေအိမ်အိပ်ခန်းအဝတ်ခြင်းထဲမှ သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းနှင့်အတူ
ဆိုင်ကယ်နှင့်စောင့်နေသူမှာ တင်ဇာထွန်း(ခ)ဇာကြီး (၂၃) နှစ် ဖြစ်ကြောင်း သိရှိရပြီး နောက်နေ့
ညနေ ၄ နာရီ တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုအမှုအား ခိုင်မာစွာတည်ဆောက်၍ အမြန်ဆုံး တရားစွဲ
ဆိုတင်ပို့နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။















