အရောင်းအဝယ် ငြိမ်သက်နေခဲ့တဲ့ မန္တလေးမြို့ရဲ့ လူနေကျဲပါးသေးတဲ့ အပိုင်းတွေက အိမ်ခြံမြေဈေး
ကွက်ဟာ အငြင်းပွားမှုတွေနဲ့သာ လှုပ်ခတ်နေရ ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါ
တယ်။
ဈေးကွက်မှာ အရောင်းအဝယ် ပါးလျနေခဲ့တာ နှစ်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်
မှာ ဆူလွယ် နပ်လွယ် ငွေကစားနိုင်ဖို့ ရင်းနှီးမြှုပ်နှံ ကြရတဲ့ မြေလွတ်မြေကွက်လပ်အများစု ရှိတဲ့
အကွက်အကွင်းတွေဟာ ဈေးကွက် လှုပ်ခတ်ရမယ့်အစား အငြင်းပွားမှုတွေ နဲ့သာ လှုပ်ခတ်နေရလို့
ကိုယ်တွေ့ကြုံနေ ကြရတဲ့ ကာယကံရှင်တွေအနေနဲ့ ခေါင်းခြောက်စရာ အနေအထားဖြစ်နေတယ်
လို့လည်း သိရပါတယ်။
မြေရာပိုင်ဆိုင်မှု အငြင်းပွားရတာတွေ အနေနဲ့ အရင်ကလည်း ရှိတယ်ဆိုပေမယ့် ပြီးခဲ့တဲ့တစ်နှစ်
ကျော်အတောအတွင်းကာလတွေမှာတော့ ပိုပြီးသိသာ ထင်ရှားလာတယ်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း မြို့အရှေ့တောင်ဘက်ခြမ်းက မြို့ကွက်သစ်တွေဘက်မှာ
ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက သက်သေပဲဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့တာတွေကလည်း ရှင်းရတာလက်ဝင်တဲ့ ထုနဲ့ထည်နဲ့ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဲဒီထဲ
မှာ စည်ပင်သာယာအနေနဲ့ လန ၃၉ ချပြီးဖြစ်တဲ့ မြေ နေရာတွေဖြစ်ကြောင်းနဲ့ အဲဒီနေရာတွေမှာရှိ
နေသူတွေကိုဖယ်ရှားဖို့ အကြောင်းကြားပြီးနောက်ပိုင်းမှာ ရှိနေတဲ့ အိမ်ခြေတွေကို စက်ယန္တရားသုံး
ပြီး ဖယ်ရှားခဲ့ရတဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။
ဒီနေရာမှာ ဖယ်ရှားခံခဲ့ရသူတွေအနေ နဲ့ မြေဝယ်ယူစဉ်က ရပ်ကွက်တာဝန်ရှိသူတွေ ပါ၀င်ချုပ်ဆို
ပေးထားတဲ့ စာချုပ် စာတမ်းတွေနဲ့ ၀ယ်ထားတာဖြစ်လို့ ၎င်းတို့ပိုင်ဆိုင်ကြောင်း အငြင်းပွားခဲ့ရတာ
တွေလည်းရှိသလို အခုအချိန်အထိ လက်စမသတ်နိုင်သေးတဲ့ကိစ္စရပ်တွေလည်း ရှိနေပါသေးတယ်။
၂၀၁၂ ခုနှစ်အတွင်း မပြီးပြတ်သေးတဲ့ ပြဿနာတွေနဲ့ ၂၀၁၃ ခုနှစ်ကို ချင်းနင်းဝင်ရောက်ပြီးတဲ့
နောက်ပိုင်းမှာ မြေရာ အငြင်းပွားမှုကို ဆက်လက်ထင်ရှားစေတဲ့ ကိစ္စရပ်ကတော့ မြေကွက်လွတ်
တွေကို ခြံစည်းရိုးခတ်စေပြီး အိမ်ဆောက်ကြဖို့ သတ်မှတ်လိုက်တဲ့ကြေညာချက်ပါပဲ။
၂၀၁၃ နှစ်ဆန်း၊ ဇန်နဝါရီလအတွင်း မှာပဲ မန္တလေးမြို့တော် စည်ပင်သာယာကနေ မြို့ကွက်သစ်
ဖော်ထုတ်ရေးအဖွဲ့က ချထားပေးခဲ့တဲ့မြေကွက်တွေမှာ ခြံစည်းရိုးခတ်ပြီး အဆောက်အအုံဆောက်
လုပ်ကြဖို့ ကြေညာလိုက်ပါတယ်။
ဒီနေရာမှာ အဲဒီမြေကွက်လွတ်တွေမှာ ခြံစည်းရိုးကို လာမယ့်မတ်လကုန်အတွင်း အပြီးသတ်ကာရံ
ကြဖို့၊ အဆောက်အအုံတွေကိုတော့ ၂၀၁၃ ခုနှစ်အကုန်မှာ အပြီးသတ်ဆောက်လုပ်ကြဖို့သတ်မှတ်
ပါတယ်။
မန္တလေးနေ့စဉ်သတင်းစာမှာ ထည့်သွင်းအသိပေးကြေညာလိုက်တဲ့ အဲဒီကြေညာချက်မှာ ခြံစည်းရိုး
နဲ့ အဆောက်အအုံအမျိုးအစားဟာ ဘယ်လိုအမျိုးအစားဖြစ်ရမယ်လို့ မပါ၀င်ပေမယ့် မတ်လ
မရောက်သေးမီ ခြံသွားခတ်ဖို့ စီစဉ်လာကြတာတွေကိုကြည့်ရင် မြေရာအရှုပ်အရှင်း ကိစ္စရပ်တွေ
အပေါ်မှာ အတော်အာရုံထားလာနေကြတယ်ဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။
စည်ပင်သာယာအနေနဲ့လည်း ဒီလို ခြံခတ်၊ အဆောက်အအုံဆောက်ဖို့ ကြေညာရတာက ခြံစည်းရိုး
မကာ၊ အဆောက်အအုံမဆောက်ခြင်းကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေပြီး အများ
အမြင်မှာ တင့်တယ်မှုမရှိ ခြင်းနဲ့ ကျူးကျော်နေထိုင်သူတွေ ၀င်ရောက်နေထိုင်မှုကြောင့် အုပ်ချုပ်မှု
ဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လျက်ရှိခြင်းကြောင်လို့ ဆိုပါတယ်။
ဒီကြေညာချက်ကြောင့် ခြံဝင်းခတ်ဖို့ သွားမှပဲ မြေရာအငြင်းပွားမှုတွေ ကြုံနေရတာကတော့ လတ်
တလောမှာ အထူးသဖြင့် 'လလ' အပိုင်းတွေမှာဖြစ်တယ်လို့လည်း ကြားသိရပါတယ်။
မြေဂရန် လက်ဝယ်ရှိသူက ခြံဝင်း ခတ်ဖို့သွားရာမှာ တစ်ဖက်ကလည်း သူတို့နှစ်ပေါင်းများစွာ
စိုက်ပျိုးလုပ်ကိုင်လာတဲ့ မြေနေရာဖြစ်လို့ နစ်နာ ကြေးရမှ ဖယ်ပေးနိုင်မယ်ဆိုတဲ့ အငြင်းပွားမှုတွေ
ဖြစ်နေပါတယ်။
၂၀၁၂ ခုနှစ်ရဲ့ မပြီးပြတ်သေးတဲ့ မြေရာပိုင်ဆိုင်ခွင့် တစ်ပိုင်းတစ်စ ပြဿနာတွေနဲ့အတူ ၂၀၁၃ ခုနှစ်
ကို ကူးလာခဲ့တဲ့လက်ရှိအဖြစ်အပျက်တွေမှာ စည်ပင်သာယာက ဘယ်လိုဆက်ပြီး ကိုင်တွယ်သွား
မှာလဲ ဆိုတာကတော့ အိမ်မြေဈေးကွက်နဲ့ သက်ဆိုင်သူအားလုံးအတွက် စိတ်ဝင်စားစွာ စောင့်
ကြည့်နေကြရတဲ့ကိစ္စတစ်ခု ဖြစ်လာပါပြီ။
















