ဒီတစ်ပတ်တော့ ပတ်ဝန်းကျင်ကောင်းကောင်းမှာ မိသားစုဝင်များ အေးအေးချမ်းချမ်းနဲ့ နေချင်တဲ့သူ
တွေအတွက် မဟာအောင်မြေမြို့နယ်ထဲက နှစ်ထပ် တိုက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီတိုက်အိမ်လေးက မန္တလေးမြို့ရဲ့ အစည်ကားဆုံးလမ်းမတွေမှာပါ၀င်တဲ့ ၈၃ လမ်းမကြီးပေါ်မှာ
တည်ရှိတာကြောင့် သွားရေးလာရေးအထူးလွယ်ကူ ပါတယ်။ ကိုယ့်ရဲ့မိသားစုတွေထဲမှာ ကလေးရှိ
နေတယ်ဆိုရင်လည်း တိုက်အိမ်လေးရဲ့မျက်နှာချင်းဆိုင်မှာ အထက်တန်းကျောင်းကြီးက အဆင်
သင့်ရှိနေ ပြန်ပါသေးတယ်။
အိမ်ရှင်မတွေအနေနဲ့လည်း တစ်နေ့တာချက်ပြုတ်စားသောက်ဖို့အတွက် မန်းမြို့ဈေးကြီးနဲ့ ညွန့်
ပေါင်းဈေးကြီးတွေ ရှိနေတာကြောင့် အဆင်ပြေစေပါတယ်။
ဒီနှစ်ထပ်တိုက်အိမ်လေးဟာ လက်ရှိ ဆောက်လုပ်ပြီးစီးစအနေအထား ဖြစ်တာကြောင့် ကိုယ့်စိတ်
ကြိုက်အခန်း ဖွဲ့စည်းမှုတွေ အတွင်းပိုင်းပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တိုက်အိမ်လေးရဲ့အကျယ်အဝန်းကတော့ ပေ (၄၅ x ၂၀) စတုရန်းပေ ၉၀၀ အကျယ်အဝန်းရှိပါ
တယ်။
လက်ရှိမှာ အိမ်အောက်ထပ်ကို အခန်းဖွဲ့စည်းထား ခြင်းမရှိဘဲ ဟောတိုက်အနေအထား၊ ခန်းဖွင့်ဖြစ်
တာကြောင့် မိမိစိတ်ကြိုက် ဧည့်ခန်းကျယ်ကြီးပဲလုပ်လုပ်၊ အိပ်ခန်းပဲ ဖွဲ့ဖွဲ့ အဆင်ပြေပါတယ်။
အိမ်သာနဲ့ ရေချိုးခန်းလည်း သီးခြားပါ၀င်ပါတယ်။ အိမ်အပေါ်ထပ်ကို တက်သွားလိုက်ရင်ပဲ အိပ်ခန်း
တစ်ခန်း ဖွဲ့စည်းပေးထားပါတယ်။
ကျန်တဲ့နေရာကိုလည်း မိမိစိတ်ကြိုက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ တစ်အိမ်လုံးကို ကြွေပြားခင်းထား
ပြီး အပြင်ဘက်အခြမ်းကို အဖြူရောင်ဆေး ခြယ်ထားပါတယ်။
အိမ်အတွင်းပိုင်းကိုတော့ ခရမ်းရောင်သုတ်ထားပါတယ်။ အိမ်ရှေ့တံခါးမကြီးကိုလည်း စတီးတံခါးနဲ့
အလှဆင်ထားပြန်ပါသေးတယ်။
ဒီအိမ်လေးရဲ့အနေအထားကို ပြန်လည်သုံးသပ်မယ်ဆိုရင် အိမ်အဝင်လမ်းက အနည်းငယ်ကျဉ်း
မြောင်းတာကလွဲရင် အိမ်အပြင်အဆင်၊ ပတ်ဝန်းကျင်အနေအထား၊ လမ်းအကွက်အကွင်းအနေ
အထားတွေက ပြောစရာမရှိအောင် ပြည့်စုံနေပါတယ်။
ဒါကြောင့် ရေ၊ မီးအပြည့်အစုံပါ၀င်ပြီး နှစ် ၃၀ ဂရန် ရှိတဲ့ ဒီနှစ်ထပ်တိုက်အိမ်လေးကို စိတ်ဝင်စား
တယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန် - ရ၈၃ လမ်း၊ ၃၆ လမ်း x ၃၇ လမ်းကြား၊ ရတနာဘုံမိရပ်ကွက်အနောက်၊
မဟာအောင်မြေမြို့နယ်။
ဖုန်း - ၉-၆၈၁၈၉၃၆
ဈေးနှုန်း - ကျပ်သိန်း ၁,၃၀၀ (အရောင်း)
















