မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်အလုပ်လုပ်ကြသော နိုင်ငံခြားသားများအား စည်းကမ်းနှင့်
လိုက်လျောညီထွေ စွာနေထိုင်ရေးနှင့် စနစ်တကျဖြစ်စေရေး အတွက် တာဝန်ခံအရာရှိများအား
ခေါ်ယူတွေ့ဆုံခဲ့ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန
ဦးစီးမှူး ဦးသောင်းဇော် က ဆိုသည်။
၎င်းက သက်ဆိုင်သူများအား အုပ်စုလိုက်ဆွေးနွေးခဲ့ခြင်းမျိုး မဟုတ်ဘဲ တစ်ဦးချင်းသာ ခေါ်ယူတွေ့
ဆုံပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
"မန္တလေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရာဂဏန်းလောက် ရှိတယ်။ သူတို့ကို အလုပ်
လုပ်ခွင့်ပြုထားကြတဲ့ မြန်မာလူမျိုးအရာရှိတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားသားတွေ က
ဒီမှာသတ္တုတွင်းလိုနေရာမျိုး၊ အထပ်သားစက်ရုံလိုနေရာမျိုးစတဲ့ နေရာမျိုး စုံမှာအလုပ်လုပ်ကြ
တယ်။ သူတို့ရဲ့ မြန်မာ လူမျိုးတာဝန်ခံတွေကို အိုဗာစတေး မဖြစ်စေဖို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့
စည်းမျဉ်းစည်းကမ်းတွေ သိဖို့ရာအတွက် ခေါ်ယူဆွေးနွေးအသိပေးခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းက
ဆိုသည်။
ထို့ပြင် မြန်မာလူမျိုး ဧည့်လမ်းညွှန်များကလည်း တားမြစ်ထားသည့် စည်းမျဉ်း စည်းကမ်းတချို့ကို
သိရှိရန် လိုအပ် ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
ထို့အတွက် ဟိုတယ်ခရီးသွားလုပ်ငန်းနှင့် အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဦးသောင်းဇော်က
ပြောသည်။
"တချို့ကိစ္စတွေမှာ နိုင်ငံခြားသားတွေ မသိလို့ သွားမိတာရှိမယ်။ အတူလိုက်ပို့ တဲ့ မြန်မာကမသိလို့
လိုက်ပို့မိတာတွေ လည်းရှိနိုင်တယ်။ အဲလိုဆိုရင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးကို လာ
ရောက် မေးမြန်းနိုင်ပါတယ်။ ဘယ်လိုစည်းကမ်း တွေရှိတယ်။ ဘယ်နေရာတွေကဖြင့် မသွားရဘူး။
ဘယ်နေရာကဖြင့် သွားလို့ရတယ်စသဖြင့်ပေါ့။ တိုးဂိုက်တစ်ယောက်ဆိုရင် တားမြစ်တဲ့နေရာတစ်ခု
ခေါ် သွားမိတဲ့အတွက် ထောင်ခြောက်လကျတာတွေ့ဖူးတယ်။ နိုင်ငံခြားသားကတော့ black list
ထဲ စာရင်းသွင်းခံရပြီး ပြည်နှင်ဒဏ်ခံရရုံ၊ ဒီက ထွက်သွားရရုံပဲ ရှိတယ်။ အဲလိုဖြစ်ရပ်ရှိဖူးတယ်။
နောက်ပြီး ကိစ္စတစ်ခုက တရားအားထုတ်တဲ့ ဗီဇာနဲ့ ရောက်လာတဲ့နိုင်ငံခြားသားက စာပြမယ့်ကိစ္စ
တစ်ခုလည်း ဖြစ်ဖူးတယ်။ အဲလိုလုပ်လို့မရဘူး။ ဗီဇာ အမျိုးအစား ရှိတယ်။ ကိုယ်က ဘာဗီဇာနဲ့
လာခဲ့တာလဲ။ နောက်ပြီး မြန်မာလူမျိုး ထုံးစံအတိုင်း ဧည့်ဝတ်ကျေချင်ကြတော့ အိမ်ကို ညအိပ်
အလည်အပတ် ခေါ်တာမျိုးတွေ။ စတဲ့ ကိုယ်မသိတဲ့ အကြောင်းအရာတွေ ကို လူဝင်မှုကြီးကြပ်ရေး
ကို မေးမြန်းလို့ ရပါတယ်"ဟု ၎င်းက အကျယ်တဝင့် ရှင်းပြသည်။















