လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းပေးရန် ဆန္ဒပြတောင်းဆိုသည့် သပိတ်စခန်းများ
ကို အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ ဆေး
သွားရောက်ကုသခဲ့ရသည့် သံယာ တော်နှစ်ပါးအနက် ကိုရင်တစ်ပါး ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင်
မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည်။
အဆိုပါသပိတ်စခန်းများကို အင်အားသုံးဖြိုခွင်းမှုတွင် သံယာတော်အပါး ၁၀၀ ကျော် မီးလောင်ဒဏ်
ရာများရရှိခဲ့ပြီး ဆရာတော်ဦးတိက္ခဉာဏနှင့် ကိုရင် သဇ္ဇနတို့မှာ အရေပြားဒဏ်ရာ ပြင်းထန်စွာရရှိခဲ့
သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထိုင်းစစ်ဆေးရုံသို့ ၂၀၁၂၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဆရာတော်
ဦးတိက္ခ ဉာဏနှင့် ဒီဇင်ဘာ ၂၅ ရက် နေ့တွင် ကိုရင်သဇ္ဇနတို့ကို ပို့ဆောင်ဆေးကုသခဲ့ရာ ဆေး
ကုသချိန် နှစ်လခန့်ကြာမြင့်ခဲ့ ကြောင်း သံယာ့စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သူဦးသု(ခ)
ဦးဝိမလက မိန့်ကြားသည်။
"၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရပြီး ကိုရင်က ဘယ်ဘက်ခြေဖျားက
နေစပြီး နံရိုးပိုင်းရယ် ညာဘက်ခြေထောက်တစ်လျောက် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး မုံရွာဆေးရုံ မှာ
စတက်ခဲ့တယ်။ မုံရွာဆေးရုံမှာ မသက်သာတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာ ဆက်လက်
ကုသတယ်။ ဒီဆေးရုံ ကနေပြီးတော့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ဆက်ကုပေမယ့် ဒီကဆေးဝါးတွေနဲ့
လုံးဝမသက်သာဘူး။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အကြောင်းကြားပြီး ထိုင်းနိုင်ငံမှာ
သွားရောက်ကုသရတာပါ။ ဆရာတော်ဦးတိက္ခဉာဏကတော့ ဒဏ်ရာအခြေအနေမသက်သာသေး
တဲ့အတွက် နောက်ထပ်နှစ်လ လောက်တော့နေရဦးမှာပါ။
"ထိုင်းမှာကုသတဲ့ ကုန်ကျစရိတ်တွေကိုတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တာဝန်ယူပေးပါ
တယ်။ ထိုင်းမှာ ဆေးသွားကုဖို့စာရင်းပေးတုံးက သံယာငါးပါးပါ။ ဒါပေမဲ့သံယာသုံးပါးက ဒဏ်ရာ
အခြေအနေစိုးရိမ်စရာမရှိတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာပဲကျန်ခဲ့တာပါ"ဟု ဆရာတော်က မိန့်
သည်။
ဆေးကုသမှုခံယူ၍ ပြန်လည်ရောက်ရှိလာသော ကိုရင်သဇ္ဇနမှာ ဆက်လက်ဆေးဝါးစောင့်ရှောက်မှု
ခံယူနိုင်ရန် သီတဂူဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူမည်ဖြစ်ပြီး၊ တစ်နှစ်ပြည့်ပါက ထိုင်းစစ်
ဆေးရုံသို့ ပြန်လည်သွားရောက် ဆေးစစ်ရမည်ဖြစ်ကြောင်း ဆရာတော် ကဆက်လက်မိန့်ကြား
သည်။
"ဒဏ်ရာအခြေအနေက အသက်အန္တရာယ်အတွက်တော့ မစိုးရိမ်ရတော့ ပေမယ့်၊ ဘေးထွက်ဆိုး
ကျိုးတွေမဖြစ် ပေါ်အောင်တော့ စောင့်ကြည့်ရတဲ့အနေအထားမှာပဲ ရှိနေသေးပါတယ်။ ထိုင်းဆေးရုံ
ကပေးလိုက်တဲ့ ဆေး ဘောင်းဘီကိုလည်း ခြောက်လကနေ ကိုးလအထိ ၀တ်ထားရဦးမှာပါ။
"ထိုင်းစစ်ဆေးရုံ ဒဏ်ရာဆေးစစ်ချက်အရရရှိတဲ့ မီးလောင်ဒဏ်ရာမှာ ဓာတုအမျိုးအစားပစ္စည်းတွေ
ပါ၀င်နေတယ်ဆိုတာကို ဆေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ပွင့်လင်း မြင်သာမှု
မရှိတာကြောင့် ဒဏ်ရာရရှိပေမယ့် ဘယ်လိုကုသရမယ်၊ ဘယ်ဆေးဝါး တွေနဲ့ ကုသရမလဲဆိုတာ
မသိလို့ ဒီလောက်အထိ အခြေအနေတွေဆိုးရွားသွားတာပါ"ဟု ဆရာတော်ကမိန့်သည်။
ဒဏ်ရာရရှိခဲ့သည့် ကိုရင်သဇ္ဇနကလည်း "ကိုရင်က သပိတ်စခန်း ပရိတ်ရွတ် သံယာတွေနဲ့ရှိနေတုံး
မှာ အာဏာပိုင် တွေက စက္ကန့် ၉၀ အတွင်း အမြန်ဆုံးလူစုခွဲဖို့ပြောနေတုံးပဲ ကိုရင်ရှေ့ကို ဗုံးတစ်လုံး
ကျလာတယ်။ ဒီလိုဗုံးတွေကျလာတော့ ကိုရင်တို့ပြေးနေတုံးပဲ နောက်ထပ် တစ်လုံးထပ်ကျလာပြီး
ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။
"ဒီလိုသံဃာတော်တွေ ဒဏ်ရာ ပြင်းထန်စွာရအောင် ပြုလုပ်သူတွေနဲ့ ဒီလိုပြုလုပ်ဖို့ အမိန့်ပေးတဲ့သူ
တွေ ကို အမြန်ဆုံးဖော်ထုတ်ပေးပြီး တရားဥပဒေအတိုင်း အရေးယူပေးဖို့တောင်း ဆိုပါတယ်"ဟု
ကိုရင်က မိန့်သည်။
လက်ရှိတွင် ဒဏ်ရာရသံယာများသည် မုံရွာမြို့၊ ဇောတိကကျောင်းတိုက်တွင် ပြင်ပသံဃာ ၈၇ ပါး၊
သီတဂူဆေးရုံ တွင် ခြောက်ပါး ဆက်လက်ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။ ဆေးကုသမှု
ခံယူပြီး ထိုင်းနိုင်ငံမှပြန် လည်ရောက်ရှိလာသော ကိုရင်သဇ္ဇန သည် သက်တော် ၁၄ နှစ်ရှိပြီး
မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက်တွင် သီတင်းသုံး တော်မူကြောင်း၊ ယခုအခါတွင် သီတဂူ ဆေးရုံ
ကြီး၌ ဆေးကုသမှုဆက်လက်ခံယူနေကာ အဆိုပါဒဏ်ရာရ သံယာ တော်များအား ဆေးဝါး
လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၄၀၀၄၇၈၆၀၄ သို့ ဆက်သွယ် လှူဒါန်းနိုင်
ကြောင်းသိရသည်။
















