နိုင်ငံခြားမှတင်သွင်းလာသော နည်းပညာအဆင့်မြင့်ကားများ ပြုပြင်နည်း သင်တန်းကို ၈၄ လမ်း၊
စာတိုက်ကွေ့ မှတ်တိုင်အနီးရှိ Global Com တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
နည်းပညာအဆင့်မြင့် ကားပြုပြင်ရာတွင် အခက်အခဲဖြစ်နေသည့် ကားဝပ်ရှော့များနှင့် နည်းပညာ
တက္ကသိုလ် ကျောင်းသားများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍ နည်းပညာမြင့်ကား
များ ပြုပြင်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်း နည်းပြဆရာဖြစ်သူ ဦးညီညီနိုင်
က ပြောသည်။
"သမားရိုးကျရပ်တည်လာတဲ့ ကား ၀ပ်ရှော့ဆရာတွေ ပြောင်းလဲနိုင်ဖို့ရယ်၊ နည်းပညာပိုင်းကို အမှီ
လိုက်နိုင်အောင်ရယ်၊ နည်းပညာကျောင်းသားတွေ အလုပ်ရဖို့အတွက်ပါ ဖွင့်လှစ်ရတာပါ" ဟု ၎င်း
က ပြောသည်။
နည်းပညာအဆင့်မြင့် မော်တော်ကား ပြုပြင်နည်းသင်တန်းကို အင်ဂျင်ပိုင်း၊ သီအိုရီပိုင်းနှင့် လက်
တွေ့ပိုင်းများကိုပါ ထည့်သွင်း သင်ကြားပေးမည်ဖြစ် သည်။
"OBD 2 ကနေထုတ်ထားတဲ့ Code တွေရှိတယ်။ အဲဒါတွေကို ဘာသာပြန်ပြီး သင်ပေးတယ်။ လူ
တိုင်းတက်ရောက် သင်ယူနိုင်ပါတယ်။ ဘာသာပြန်ထား တာတွေကိုလည်း ကားဝပ်ရှော့တွေကို
ဝေပေးထားပါတယ်။ သီအိုရီအပိုင်းကတော့ လိုက်နိုင်ဖို့လိုတယ်။ စနေ၊ တနင်္ဂနွေ မှာ ကားဝပ်ရှော့
တွေမှာ လက်တွေ့ သင်တန်းပေးပြီး ကားတွေကိုလည်း အခမဲ့စစ်ပေးပါတယ်"ဟု ဦးညီညီနိုင်က
ပြောသည်။
ကားဝပ်ရှော့ဆရာများ လာရောက် သင်ယူမှုနည်းသည့် နည်းပညာအဆင့်မြင့် မော်တော်ကားပြုပြင်
နည်းသင်တန်း ကို အသက် ၃၀ အောက် လူငယ်များ လာရောက်သင်ယူနိုင်ကြောင်း ဦးညီညီ နိုင်
က ပြောသည်။
"လာတက်တော့ ကားဝပ်ရှော့ပိုင်းက နည်းတယ်။ ကားဝပ်ရှော့အသင်ကလေး တွေ၊ ၀ါယာရင်းပိုင်း
ကလူတွေ၊ နည်းပညာလေ့လာတဲ့သူတွေ လာတက်တာများတယ်။ လေ့လာကြည့်တော့ နည်း
ပညာပိုင်းကို အမှီလိုက်နိုင်သူတွေက အသက် ၃၀ အောက်ပဲဖြစ်နိုင်တယ်။ အခု တော့ နည်းပညာ
သမားတွေနဲ့ ၀ါယာရင်း သမားတွေအတွက်ပဲ သွားတော့မယ်။ ၀ပ်ရှော့သမားတွေက မသေချာဘူး
ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အမှတ် စဉ် ၂ အဖြစ် စတင်ဖွင့်လှစ်မည့် တစ်လကြာသင်တန်း
အတွက် သင်တန်းကြေး ကျပ် ၅ သိန်း သတ်မှတ်ထားကြောင်း သိရသည်။















