မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို
ကြိုက်နှစ်သက်ခြင်း မရှိတော့သဖြင့် မဲဆန္ဒရှင်ပြည်သူများက ပြန်လည်ဖြုတ်ချရန်ကြိုးပမ်းခဲ့ရာ
ထိုသို့ ဆောင်ရွက်ရာ၌ ပါ၀င်သောပါတီဝင် များအပေါ် အင်န်အယ်လ်ဒီပါတီ ညီလာခံကျင်းပရေး
ဗဟိုကော်မရှင်က အရေးယူသွားမည်ဟု ထုတ်ပြန်လိုက်သည်။
မဲဆန္ဒရှင် ၉၀,၀၀၀ ကျော်ရှိသည့် တံတားဦးမြို့နယ်၌ ပြီးခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး
ကောက်ပွဲတွင် အင်န် အယ်လ်ဒီပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သော ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်ကို နှစ်သက်ခြင်းမရှိတော့သဖြင့် ယခုနှစ်ဇန်နဝါရီလ နောက်ဆုံးပတ်၌ အဆိုပါ
မြို့နယ် အင်န်အယ်လ်ဒီရုံးတွင် လက်မှတ်ထိုး ဆန္ဒကောက်ယူပွဲ ကျင်းပခဲ့သည်။
၎င်းနောက် မဲဆန္ဒရှင်များ၏ တစ် ရာခိုင်နှုန်းကျော်ဖြစ်သည့် လက်မှတ် ၁,၂၀၀ ကျော်ကို စုဆောင်း
နိုင်ခဲ့ပြီး ဒေါ်ခင်သန္တာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုတ် သိမ်းပေးရေး
အတွက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံသို့ ယခုလ လေးရက်နေ့
တွင် ပေးပို့ထားစဉ် ပါတီညီလာခံကျင်းပရေး ဗဟိုကော်မရှင်က အထက်ပါအတိုင်း စာထုတ်ပြန်
ကြေညာခဲ့ခြင်း ဖြစ်သည်။
ယခုလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ ဒေါ်ခင်သန္တာအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
အဖြစ်မှ နုတ်ထွက်စေရန်ဆောင်ရွက်ရာ၌ပ ါ၀င်သော ပါတီဝင်များအပေါ် ညီလာခံအဆင့်ဆင့် မှ
ရွေးချယ်ခံထားရသူဖြစ်ပါက ရွေးချယ်ခံထားမှုကို အတည်မပြုရန်နှင့် ညီလာခံ ကော်မရှင်အဆင့်
ဆင့်တွင် ပါ၀င်သူဖြစ်ပါက တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဖြင့် အရေးယူသွားရန် ပါ၀င်သည်။
"အခု ကျွန်တော် ရန်ကုန်ကို ရောက်နေ လို့ အင်န်အယ်လ်ဒီပါတီ ညီလာခံကျင်းပရေးဗဟို
ကော်မရှင်က ထုတ်တဲ့စာကို ကိုယ်တိုင်မဖတ်ရသေးပေမယ့် အကျိုး အကြောင်းတော့ သိပြီးပါပြီ။
ဖြစ်သင့်တာက ဒီလိုစာကို အများရဲ့ဆန္ဒ၊ ပြည်သူ့သဘောထားကို လေ့လာပြီးမှ ထုတ်သင့်ပါတယ်။
ဒီမိုကရေစီခေတ်မှာ ပြည်သူ့ ဆန္ဒကိုလွန်ဆန်ရင် လွန်ဆန်သူရဲ့အမှားသာဖြစ်ပါလိမ့်မယ်။ ဒီလိုကိစ္စ
မှာ နှစ်ဖက်စလုံးအမှားဖြစ် နိုင်လို့ အခြေအနေကို ဘာမှမသိ၊ ဘာမှ မဆွေးနွေးဘဲ ဘာကြောင့်
တစ်ဖက်သတ် ဆုံးဖြတ်တာလဲ။ ကျွန်တော် တံတားဦး ကို ပြန်ရောက်ရင် ပြည်သူ့ဆန္ဒအရပဲ ဒီကိစ္စ
ရပ်အပေါ် ပြန်ဆုံးဖြတ်သွားမှာပါ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြန်ရုတ်သိမ်းရေးအတွက်
ပါ၀င်ဆောင် ရွက်ခဲ့သူတစ်ဦးဖြစ်သည့် မန္တလေးခရိုင် ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး
ဒေါက်တာအောင်စိုးမြင့်က ယခု လ ၂၆ ရက်တွင် ပြောသည်။ ပြီးခဲ့သော ၂၀၁၂၊ ဒီဇင်ဘာလ
နောက်ဆုံးပတ်ကလည်း ပြည်ကြီးတံခွန် မြို့နယ်မှ အင်န်အယ်လ်ဒီပါတီဝင် ရှစ်ဦးအား အဖွဲ့ချုပ်
အတွင်း စည်းလုံးမှုပြိုကွဲစေရန်နှင့် ညီလာခံကျင်းပရေး နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်သည်
ဟု သတ်မှတ်ပြီး ဗဟိုညီလာခံကျင်းပရေး ကော်မရှင်က ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။
အဆိုပါရှစ်ဦးတွင် မြို့နယ်ညီလာခံ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူများလည်း ပါ၀င်ခဲ့
သည်။
















