မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဆူလွယ်နပ်လွယ် အကျိုးအမြတ်အတွက် လှုပ်ရှားရောင်းဝယ်
လေ့ရှိကြတဲ့ အိမ်ခြံ မြေအကွက်အကွင်းတွေမှာ ဈေးကွက် ပြန်သွက်လက်စေမယ့် အကြောင်းတရား
တွေအစား နှေးကွေးစေမယ့် အကြောင်းတရားတွေသာ ဆက်လက် ဖြစ်ပေါ်နေတာကို တွေ့ရ
ကြောင်း အိမ်ခြံ မြေအကျိုးဆောင်တွေက ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ ဈေးကစားမှု တွေဖြစ်ပြီး မဖြစ်သင့်တဲ့ဈေးနှုန်းတွေ အထိမြောက်တက်ကာ အရောင်းအ ၀ယ် တွေဖြစ်ခဲ့ပြီးနောက်ပိုင်း ဈေးကွက် ငြိမ်သက်နေခဲ့တာဟာ နှစ်ချီကြာမြင့် ခဲ့ပြီးပါပြီ။ အဲဒီလို အနေ အထားကနေ ဈေး ကွက်ပြန်လှုပ်လာဖို့ မဝံ့မရဲမျှော်လင့်နေ ကြပေမယ့် လတ် တလောဖြစ်ပေါ်နေတဲ့ အကြောင်း တရားတွေက ဈေးကွက်ကို ပိုနှေးကွေး အောင်ပဲ တွန်းပို့နေတဲ့ အနေအထား ဖြစ်နေကြောင်း အကျိုးဆောင်တွေက ဆိုပါတယ်။ အိမ်ခြံမြေဈေးကွက်ကို ပိုငြိမ်သက် အောင် ဖန်တီးတဲ့အကြောင်းတရားတွေ ထဲမှာ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ အိမ်မြေရောင်းဝယ်ခွန်တွေကို နှုန်းထား ပြန်တိုးမြှင့်လိုက်တာလည်း ပါတယ် လို့ထင်ကြောင်း အိမ်မြေအကျိုးဆောင် တချို့က ပြောပါတယ်။ အေးစက်နေတဲ့ ဈေးကွက်အနေအထားမှာ ရောင်းခွန် ၀ယ်ခွန်တိုးမြှင့်ခြင်းဟာ အိမ်မြေဈေး ကွက်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားသူတွေကို တွန့်ဆုတ်စေတယ် လို့ သူတို့ကသုံးသပ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက လျှော့ချထားခဲ့တဲ့ ရောင်းခွန်ဝယ်ခွန် နှုန်းထားတွေကို ၂၀၁၂ ခုနှစ်မှာ ပြန်တိုးမြှင့်လိုက်တဲ့ အတွက် ၀ယ်သူတွေအနေနဲ့ နှုန်းထား အပေါ်မှာ ၃၀ ရာခိုင်နှုန်း၊ အကယ်၍ ၀င်ငွေအရင်းအမြစ်ကို မပြနိုင်ရင် နောက်ထပ် ခုနစ်ရာခိုင်နှုန်း ထပ်ဆောင်း ပြီး စုစုပေါင်း ၃၇ ရာခိုင်နှုန်းအထိ ပေး ဆောင်ရမယ့်အဖြစ်ဟာ ဈေးနှုန်းကို လည်း ပြန်ချနိုင်ဖို့ခက်လိမ့်မယ်လို့ အကျိုး ဆောင်တွေက ပြောခဲ့ပါတယ်။ ၀ယ်မယ့်သူတွေအနေနဲ့ ဒီအနေ အထားကြောင့် ၀ယ်လိုက်တဲ့ငွေပမာဏ ထဲ ကိုယ့်ထပ်ဆောင်းကုန်ကျရတာကို ထည့်ပေါင်းဖို့လို တဲ့အပြင် အမြတ်အတွက်ပါ ထပ်ထည့် တွက်ရဦးမှာကြောင့် ဈေးနှုန်းတန်း အနေနဲ့ကျဖို့ မမျှော်မှန်းနိုင်တော့ဘဲ ထပ်မြှင့်ဖို့သာ ရှိလာပါတယ်။ ဒီအနေအထားကို ရှောင်ရှားနိုင်ဖို့ တရားဝင်မှတ်ပုံတင်စာချုပ်မဟုတ်ဘဲ ကိုယ်စားလှယ်လွှဲစာအဆင့်ဆင့်နဲ့ ရောင်းဝယ်တာလည်းရှိပေမယ့် ဒီ နောက်ပိုင်းမှာ ထည့်စဉ်းစားစရာရှိလာ တာတစ်ချက်က မြေရာပိုင်ဆိုင်ခွင့် အငြင်းပွားခြင်းတွေပါပဲ။ မြေရာပိုင်ဆိုင်ခွင့် အငြင်းပွားခြင်းတွေ ဟာ ကြိုက်ရောင်းကြိုက်ဝယ်အနေ အထားနဲ့သာ စခန်းသွားနေရတဲ့၊ အထူး သဖြင့် မြေလွတ် မြေ ရိုင်းအများစုရှိနေတဲ့ အိမ်မြေအကွက် အကွင်းတွေရဲ့ ဈေးကွက်အနေအထား ကို ပိုပြီးတန့်စေပါတယ်။ ငွေပမာဏများ ပြီး လူနေခွင်ဖြစ်တဲ့ အိမ်မြေအကွက် အကွင်းမှာ ရောင်းကြ ၀ယ်ကြပြီဆိုရင် စာချုပ်စာတမ်းအပိုင်းကို ခိုင်မာအောင် လုပ်ကြလေ့ရှိပေမယ့် ဆူလွယ်နပ်လွယ် ငွေအမြတ်အတွက် ၀ယ်ယူလေ့ရှိကြတဲ့ အပိုင်းတွေမှာတော့ အများစုက လက်ပြောင်းလက်လွှဲပုံစံနဲ့သာ အရောင်း အဝယ်လုပ်လိုကြပါတယ်။ ဒီအပေါ်မှာ စည်ပင်သာယာအနေနဲ့ လည်း အသိပေးကြေညာချက်တွေ ထုတ်နေရပြီး ကိုယ်စားလှယ်လွှဲစာ အဆင့်ဆင့်နဲ့သာ ရောင်းဝယ်နေကြလို့၊ တရားဝင်စာချုပ်စာတမ်းနဲ့ ပြုလုပ်တာ မဟုတ်လို့ ပိုင်ဆိုင်မှုအတွက် မခိုင်လုံဘဲ နိုင်ငံတော် အခွန် အခလည်း ဆုံးရှုံးတယ်လို့ ဆိုထားပါတယ်။ အခွန်အခတွေအပြင် ပိုင်ဆိုင်မှု အငြင်းပွားနေကြရတဲ့ ကိစ္စရပ်တွေ ကြောင့် အိမ်မြေဈေးကွက်ပြန်သွက်နိုင် မယ့်အခြေအနေဟာ မျှော်လင့်ဖို့ခက်ဦး မယ့်အနေအထားဖြစ်နေပါတယ်။ ဒါ့ပြင် ဒီရက်ပိုင်းမှာ မြေကွက်လွတ်တွေကို ခြံ ခတ်ဖို့၊ အိမ်ဆောက်ဖို့ဆိုတဲ့ကိစ္စရပ်တွေ၊ ဟိုနေရာ ဒီနေရာမှာ သူပိုင်တယ် ကိုယ် ပိုင်တယ်ဆိုတဲ့ ကျွက်စီကျွက်စီ အငြင်း ပွားကြတဲ့ကိစ္စရပ်တွေဟာ မြေကွက်လွတ် အများစုရှိတဲ့ အပိုင်းမှာ ရောင်းဖို့ဝယ်ဖို့ ထက် လူတွေပိုစိတ်ဝင်စားနေကြတဲ့ ကိစ္စ ရပ်တွေဖြစ်နေကြောင်း အိမ်မြေ အကျိုး ဆောင်တွေက ဆိုပါတယ်။
















