ပွဲရုံလုပ်ငန်း စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအတွက် ကျယ်ဝန်းတဲ့နှစ်ထပ်အိမ်

ပွဲရုံလုပ်ငန်း စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအတွက် ကျယ်ဝန်းတဲ့နှစ်ထပ်အိမ်

ဆက်သွယ်ရန် - အိမ်နံပါတ်-၇၀၃၊ ၃၀ x ၃၁ လမ်းကြား၊ ၈၆ လမ်း နောက်ကျောကပ်၊ ဓာတ်နန်း
ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်။
ဖုန်း - ၀၉-၂၀၀၉၈၈၇
ဈေးနှုန်း - (အငှား) တစ်လ ၈ သိန်း (ညှိနှိုင်း)

ဒီတစ်ပတ်တော့ စီးပွားရေးလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေနဲ့ မိသားစုများတဲ့သူတွေအတွက် အထူးသင့်
လျော်တဲ့ ချမ်းအေးသာစံမြို့နယ်ထဲက နှစ်ထပ် အိမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီနှစ်ထပ်အိမ်လေး တည်ရှိတဲ့ ပတ်ဝန်းကျင်က မန္တလေးမြို့မှာ ပွဲရုံ လုပ်ငန်းတွေ အများဆုံးလုပ်ကိုင်
ကြတဲ့ နေရာဖြစ်လို့ ကိုယ်ပိုင်ပွဲရုံထူထောင်မယ် ဆိုရင်တော့ ဘာမှပြင်ဆင်စရာမလိုအောင် အိမ်ရဲ့
အနေအထားက သင့်တော်လှပါတယ်။

ပွဲရုံလည်းဖွင့်မယ်၊ မိသားစုလည်း နေမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

ဒီအိမ်လေးရဲ့ ပတ်ဝန်းကျင်ကို လေ့လာမိသလောက် တကယ့်ကို စီးပွားရေးအချက်အချာကျတဲ့
နေရာတစ်ခု ဆိုတာတွေ့ရပါတယ်။

အိမ်ရဲ့အရှေ့ ဘက်မှာ နယ်ပေါင်းစုံကလုပ်ငန်းရှင်တွေ ဆုံစည်းရာဖြစ်တဲ့ ကုန်စုံဒိုင်ရှိတဲ့အပြင် မနီး
မဝေးမှာလည်း မန္တလေးဈေးချိုတော်ကြီး ရှိနေပြန်တာကြောင့် စီးပွားရေး လုပ်ငန်းအတွက် သွားရေး
လာရေး ဆက်သွယ်မှုလွယ်ကူ ချောမွေ့နိုင်ပါတယ်။

မိသားစုတွေအတွက် အထူးသဖြင့် အိမ်ရှင်မတွေအတွက်တော့ လိုချင်တာ စိတ်ကြိုက်ဝယ်လို့ရမယ့်
ဈေးတွေက အနီးအနားမှာ ရှိနေတာကြောင့် ဒီအိမ်လေးကို နှစ်သက်မိမှာပါ။ အိမ်လေးရဲ့မြေအကျယ်
အဝန်းအနေနဲ့ကတော့ ပေ ၄၅ x ရ၀ စတုရန်းပေ ၃,၁၅၀ ပေါ်မှာ အိမ်အကျယ်အဝန်းက တော့
ပေ ၃၀ x ၆၀ စတုရန်းပေ ၁,၈၀၀ ရှိပါတယ်။

တစ်အိမ်လုံးကို သစ်မာတွေနဲ့ တည်ဆောက်ထားပြီး ရေနံချေးသုတ် လိမ်းပေးထားပါတယ်။

အိမ်အောက်ထပ်မှာတော့ ပွဲရုံဖွင့်မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ရုံးခန်းပုံစံ အခန်းတစ်ခန်းဖွဲ့စည်း
ပေးထားပြီး ကျန်တဲ့နေရာတွေကိုတော့ ဟောတိုက်ထားရှိ ပေးထားတာကြောင့် မိမိလုပ်မယ့်
လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေထားနိုင်ပါတယ်။

အပေါ်ထပ်ကို ဆက်တက်သွားမယ်ဆိုရင်တော့ ၁၀ ပေ x ၁၅ ပေ အကျယ်ရှိတဲ့အခန်းနှစ်ခန်း
ဖွဲ့စည်းပေး ထားတာကို တွေ့ရမှာဖြစ်ပြီး ကျန်တဲ့နေရာကိုတော့ ဟောတိုက်ထား ရှိပါတယ်။

ရေချိုးခန်းတစ်ခန်းနဲ့ ရေလောင်းအိမ်သာနှစ်ခန်းလည်း ပါ၀င်ပါတယ်။ ဒီလိုအခန်းတွေ ဖွဲ့စည်းထား
တာမရှိ ဘဲ ဟောတိုက်ပုံစံမျိုးကတော့ လုပ်ငန်းရှင်တွေအတွက်သာမက မိသားစုတွေ အတွက်
လည်း မိမိစိတ်ကြိုက်အခန်းပုံစံ ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။

လက်ရှိဆောက်ထားတဲ့ အိမ်အကျယ်အဝန်းအပြင် နောက်ထပ်လည်း ဘေးပတ်လည်မှာ ကျယ်ဝန်း
တဲ့နေရာလွတ် တွေရှိနေသေးတာကြောင့် မိမိလုပ်ငန်းအတွက် ကားတွေထားချင်တယ်ဆိုရင်လည်း
လိုက်ထရပ်ကားပုံစံ သုံးစီးစာ ထားလို့ရတဲ့ အကျယ်အဝန်းရှိနေတာကြောင့် တကယ့်ကိုစိတ်ကြိုက်
အနေအထားဖြစ်မှာ သေချာပါတယ်။

ရေ၊ မီးအစုံပါရှိပြီး ဒီအိမ်လေးက အငှားဖြစ်တာကြောင့် လုပ်ငန်းရှင်တွေ နဲ့ မိသားစုတွေစိတ်ဝင်စား
တယ်ဆိုရင် အောက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး