မန္တလေးမြို့တွင် ယခုနှစ်နွေရာသီမှ စတင်၍ မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖြန့်ဝေပေးနေ
သော သောက်သုံးရေမလာပါက မြို့တော်စည်ပင်က ရေကားများဖြင့် အခမဲ့ပို့ဆောင်ဖြန့်ဖြူး ပေး
သွားမည်ဖြစ်သည်ဟု မြို့တော်ဝန် ဦးအောင်မောင်းက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောသည်။
မန္တလေးမြို့တွင်း ရပ်ကွက်များတွင် ရေပေးဝေရေးမှ ဖြန့်ဖြူးသော သောက်သုံးရေမလာပါက သက်
ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အကြောင်းကြား တောင်းဆိုနိုင်သည်ဟု ၎င်းက ပြောသည်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုင်းမှာ ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်တွေလည်း ရှိပါတယ်။ စည်ပင်
သာယာဌာန အသီးသီးရဲ့ ဖုန်းတွေလည်း ပေးထားပါတယ်။ ရေမလာဘူးဆိုရင် အုပ်ချုပ်ရေးမှူးတွေ
ကို ဖုန်းဆက်ခိုင်းပါ။ ဒီနှစ်ရေကိုလုံလုံ လောက်လောက်ဖြန့်ဝေပေးနိုင်ဖို့ အတွက်ကို ရေကားတွေ
စီစဉ်ဆောင်ရွက်ထားတာတွေ အများကြီးပါပဲ။ ဒီနှစ်မှာ ရေရရှိ ဖို့အတွက် အာမခံပါတယ်"ဟု
မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
ဧရာဝတီမြစ်ရေကို သန့်စင်ပြီး တစ်နေ့ ရေဂါလန် ၁၀ သန်းဖြန့်ဝေပေးနိုင်မည့် စီမံချက်မှာလာမည့်
ဧပြီလဆန်းပိုင်းတွင် စတင်အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သော်လည်း ရေဖြန့်ဝေပေးနိုင်
ရန် လျှပ်စစ်မီးဖြင့် စက်များကိုမောင်းနှင်ရသည့်အတွက် လျှပ်စစ်မီး ပြတ်တောက်ပါက ရေဖြန့်ဖြူး
ပေးနိုင်ရန် အခက်အခဲ ရှိနေသော်လည်း လိုအပ်ပါက ရေကားများဖြင့် အားဖြည့်သွားမည် ဖြစ်သည်
ဟု မြို့တော်ဝန်က ပြောသည်။
"မြို့တောင်ဖျားဖြစ်တဲ့ ချမ်းမြသာစည် မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာလည်း နွေရာသီမှာ
ရေရနိုင်ဖို့အတွက် အဝီစိတွင်းတွေကို ထပ်ပြီးတူးနေပါတယ်"ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင် လူနေရပ်ကွက် ၉၆ ရပ်ကွက်မှ လူဦးရေတစ််သန်းကျော်အတွက် ယခုလက်ရှိအချိန်
တွင် ရေပိုက်လိုင်းစနစ်ဖြင့် တစ်ရက်လျှင် ရေဂါလန် ၂၄ သန်းမှ ၂၅ သန်းကိုလည်းကောင်း၊ ကျုံးရေ
ပေးဝေရေးမှ တစ်ရက်လျှင် ရေဂါလန် နှစ်သန်း စုစုပေါင်း ရေဂါလန် ၂၆ သန်းမှ ၂၇ သန်းကြား
ဖြန့်ဖြူးပေးလျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် စတင်ဖြန့် ဖြူးပေးတော့မည့် ဧရာဝတီမြစ်ရေတင်
စီမံကိန်းနှင့် ပေါင်းပါက တစ်နေ့ ရေဂါ လန် ၃၆ သန်းမှ ၃၇ သန်းအထိ ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်
ကြောင်း သိရသည်။
မန္တလေးမြို့တော်အတွင်း ရေပေးဝေ ရေးပိုက်လိုင်း တပ်ဆင်အသုံးပြုနေသောရေမီတာ စုစုပေါင်း
၈၅၂,၀၅၁ လုံး နှင့် အဝီစိတွင်းပေါင်း ၂၁,၂၂၂ တွင်းထိ တူးပြီးဖြစ်ကြောင်း မြို့တော်စည်ပင်ရေ နှင့်
သန်ရှင်းမှုဌာန စာရင်းများအရသိရသည်။















