လေးနိုင်ငံ ကားမောင်းပြိုင်ပွဲ မန္တလေးမြို့မှ ပြန်လည် တာထွက်ခဲ့ကြ

လေးနိုင်ငံ ကားမောင်းပြိုင်ပွဲ မန္တလေးမြို့မှ ပြန်လည် တာထွက်ခဲ့ကြ

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် မြန်မာ နိုင်ငံတို့ပါ၀င်သော လေးနိုင်ငံကား မောင်းပြိုင်ပွဲ (BCIM
Car Rally 2013) ပြိုင်ပွဲဝင်ကားများသည် မတ်လ ၁ ရက်နေ့ နံနက် ရ နာရီခန့်တွင် မန္တလေးမြို့မှ
ပြန်လည်တာထွက်ခဲ့ကြောင်း သိရသည်။

ကိုလ်ကတ္တားမြို့မှ ကူမင်းမြို့အထိ ကီလိုမီတာ ၃,၀၀၀ မောင်းနှင်မည့် လေး နိုင်ငံကားမောင်းပြိုင်ပွဲ
တွင် ကားစီးရေ ၂၀ ပါ၀င်ပြီး ဘင်္ဂလားဒေ့ရှ်မှ ၁၃ ဦး၊ တရုတ်မှ ၁၈ ဦး၊ အိန္ဒိယမှ ၃၀ ဦး၊ မြန်မာ နိုင်ငံ
မှ ၁၇ ဦးပါ၀င်ကြောင်းသိရသည်။

အဆိုပါကားမောင်းပြိုင်ပွဲကို အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တားမြို့မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင်
ထွက်ခွာလာခဲ့ပြီး မတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပန်းဝင်မည်ဖြစ်ကြောင်း နှင့်
ခရီးစဉ်တစ်လျှောက် ၁၂ ရက်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး