တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ပြီးစီးချိန်တွင် အင်းလေး ဘားကမ့်ပွဲကို ကျင်းပရန် ရည်စူးထား
ကြောင်း မြန်မာ့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (အင်းလေးဒေသ) အတွင်းရေးမှူး
ဦးအောင်ကျော်မိုးက မြန်မာတိုင်း(မ်) နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"အင်းလေးဒေသမှာ ဘားကမ့်လုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ ကနဦး အနေနဲ့ ဘားကမ့်ဆိုတာ
ဘာလဲဆိုတာ အင်းလေးဒေသက လူတွေသိဖို့ရာ အတွက် အင်းထဲကို ဘားကမ့်လက်ကမ်း
ကြော်ငြာစာ စောင်ရေနှစ်သောင်း လောက် ဖြန့်ပါမယ်"ဟု ၎င်းက ပြောသည်။
အင်းလေးဒေသတွင်း အများပိုင် ကုမ္ပဏီဖွဲ့ရာတွင် ဦးဆောင်လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည့်
၎င်းက ထိုအကြောင်းအရာများနှင့် ပတ်သက်၍ အင်းလေး ဘားကမ့်ကို ဟစ်တိုင်အဖြစ် အသုံးပြု
သွားမည်ဟုလည်း ဆိုသည်။
အင်းလေး ဘားကမ့်ကို သေချာ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တောင်ကြီး
တွင် ကျင်းပခဲ့သည့် ဘားကမ့်သည် မအောင်မမြင်ဖြစ်ခဲ့ရ ကြောင်း ၎င်း၏အတွေ့အကြံုဖြင့်
ရှင်းလင်း ပြောပြသည်။
"ရန်ကုန် ဘားကမ့်၊ မန္တလေး ဘားကမ့် လည်းသွားခဲ့ဖူး၊ ကိုယ်တိုင်လည်း ဟော ပြောခဲ့ဖူးပါတယ်။
ဒီတစ်ခေါက် ဘားကမ့်ကျတော့ ရန်ကုန်ကျဝေးလို့ မသွားနိုင်တော့ဘူး။ မန္တလေးဘားကမ့်မှာပဲ
"ငါ့အလုပ်ဘယ်မှာလဲ"ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။
Mandalay Barcamp၂၀၁၃ ကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၇ ရက် အထိ မန္တလေးမြို့ ရွှေဖြူပလာဇာ
တွင် ကျင်းပပြီးစီးခဲ့ပြီး လူပေါင်း ၂,၃၀၀ ကျော် ပါ၀င်တက်ရောက်ကာ ကွန်ပျူတာ နည်းပညာ
ကဏ္ဍတို့ သာမကကဏ္ဍစုံ ဟောပြောခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်ဘားကမ့်တွင်မူ လူငယ်ပေါင်း ခြောက်ထောင်ကျော် ပါ၀င်ဆင်နွှဲခဲ့ကြသည်။
တစ်ဦးနှင့်တစ်ဦး ပညာရပ်နယ်ပယ် အသီးသီးတွင် အသိပညာပိုင်း၊ အတတ်ပညာပိုင်း၌ ကွာခြား
ချက်များကို အတူယှဉ်တွဲ ပူးပေါင်းလုပ်ဆောင်နိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်
လာ စေရန်၊ လူသားအကျိုးပြု နည်းပညာရပ်များကို ထိရောက်စွာ ဆောင်ရွက်လာနိုင်ရန်နှင့်
လွတ်လပ် သောလူမှုအဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာအဖွဲ့အစည်းများ ပေါ် ပေါက်လာစေရန်
ရည်ရွယ်ချက်များဖြင့် ဘားကမ့်များ ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။















