'တုတ်ထိုးအိုးပေါက်' အမည်ဖြင့် ဒုတိယအကြိမ် ကာတွန်းပြပွဲကို ယခုလ ၃ ရက်နေ့ မှ ရ ရက်နေ့
အထိ မန္တလေးမြို့ ၃၄ လမ်း ရှိ 'သီရိ' ပန်းချီအနုပညာပြခန်း၌ ပြသခဲ့သည်။
ပထမအကြိမ်တွင် ကာတွန်းဆရာ ငါးဦး ပါ၀င်ပြသခဲ့သော်လည်း ယခု ဒုတိယအကြိမ်တွင် တစ်ဦး
တိုးကာ ကာတွန်းဆရာခြောက်ဦးက မျက်မှောက် ခေတ်ကာလကို ထင်ဟပ်ဖော်ပြနေသော
ကာတွန်းကားများဖြင့် ပြသခဲ့ကြသည်။
"ကာတွန်းကား အားလုံး ၃၇ ကား ပြသခဲ့တယ်။ အကုန်လုံးကတော့ ခေတ်ကို ထင်ဟပ်ပြနေတဲ့
ကားတွေပါပဲ။ ကာတွန်းတစ်ကွက်ကြည့်လိုက်တာနဲ့ ဘာကိုရည်ရွယ်တယ်ဆိုတာ သိနိုင်ပါတယ်"
ဟု ကာတွန်းဆရာ အောင်မော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုတစ်ကြိမ်ပြပွဲမှ ရောင်းရငွေများ ကို ကာတွန်းဆရာများ ကျန်းမာရေးနှင့် နာမှုကူညီရေးအဖွဲ့
အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ်တွင် ကာတွန်းရှုပ်ရှုပ်၊ ကာတွန်း
ဝေယံ၊ ကာတွန်းအောင်မော်၊ ကာတွန်းပံသုအောင်၊ ကာတွန်းငယ်လေး (မန်း) နှင့် ကာတွန်း
စည်သူကျော် တို့က ပြသခဲ့ကြသည်။
'တုတ်ထိုးအိုးပေါက်' ကာတွန်းပြပွဲ ပထမအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၂၀
ရက်နေ့အထိ 'သီရိ' ပန်းချီပြခန်း၌ပင် ကာတွန်းကားပေါင်း ၂၇ ကားပြသခဲ့ပြီး ရောင်းရငွေ စုစုပေါင်း
ကိုးသိန်းကျော်ကို ငလျင်ဒဏ်ခံ နှင့် ကချင်စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းနိုင်ခဲ့ကြောင်း
သိရှိ ရသည်။
















