၂၀၁၂ အလင်္ကာ စာပေဆု မသီတာ (စမ်းချောင်း) ရရှိ

၂၀၁၂ အလင်္ကာ စာပေဆု မသီတာ (စမ်းချောင်း) ရရှိ

မန္တလေးမြို့အခြေစိုက် ရာပြည့်စာအုပ် တိုက်မှချီးမြှင့်သည့် ဒုတိယအကြိမ် မြောက်အလင်္ကာစာပေ
ဆုကို 'စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်' စာအုပ်ဖြင့် မသီတာ (စမ်းချောင်း) က ရရှိခဲ့သည်။

အဆိုပါဆုကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့က မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်တွင် အခမ်းအနား
ဖြင့်ချီးမြှင်ခဲ့ပြီး၊ စာရေးဆရာမ မသီတာ (စမ်းချောင်း)အား အလင်္ကာစာပေဆုအတွက် ကျပ်ငါးသိန်း
ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် အလင်္ကာ စာပေဆုရှင် မသီတာ (စမ်းချောင်း) သည် ၁၉၉၀ ပြည့်နှစ်တွင်
ဆရာဝန်ဘွဲ့ ရခဲ့သူတစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၉၃ ခုနှစ်တွင် ထောင်ဒဏ် နှစ်
၂၀ ချမှတ်ခံခဲ့ရကာ ၁၉၉၉ ခုနှစ်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်သည်။

'စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်' စာအုပ်တွင် မသီတာ (စမ်းချောင်း) ၏ ငယ်ဘဝပုံရိပ်အပိုင်းအစ
များ၊ ဆေးကျောင်းသူဘဝတွင် နိုင်ငံရေးလှုပ်ရှားမှု၌ တစ်စထက်တစ်စပါ၀င်ဖြစ်ခဲ့ပုံ၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေတ်ဦးပိုင်း ပျော်ရွှင်တက်ကြွဖွယ် အချိန်များအကြောင်း၊ လွန်ခဲ့သည့် နှစ်
၂၀ ကျော် က မြန်မာ့နိုင်ငံရေးဖြစ်စဉ်ပုံရိပ်များ၊ ထောင်ထဲ၌ အတွေ့အကြုံများအား ရေးဖွဲ့ထားခြင်း
ဖြစ်သည်။

၂၀၁၂ ခုနှစ်၊နိုဝင်ဘာလတွင် 'ငါတို့' စာပေမှထုတ်ဝေဖြန့်ချိခဲ့သည့် အဆိုပါ စာအုပ်သည် စာဖတ်သူ
များအကြား လူကြိုက်များခဲ့သော စာအုပ်တစ်အုပ် လည်းဖြစ်သည်ဟု သိရသည်။

အလင်္ကာစာပေဆုအတွက် တစ်နှစ်တာကာလအတွင်း ထွက်ရှိခဲ့သော စာအုပ်များထဲမှ ရွေးချယ်
ပေးအပ်ခြင်း ဖြစ်ကာ ၂၀၁၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး