မန္တလေးမြို့ ဖွံဖြိုးတိုးတက်ရေးအတွက် ကျူးကျော်သူများကို ဖယ်ရှားရှင်းလင်းကာ တန်ဖိုးနည်း
အိမ်ရာများ ဆောက်လုပ်ရန်စီမံထားပြီး တရားမဝင်မြေ ၀ယ်ယူထားမိသူများကို ဦးစားပေးရောင်းချ
သွားမည်ဖြစ်ကြောင်း သိရသည်။
"တရားမဝင်မြေဝယ်ယူထားသူများ အနေနဲ့ ဖယ်ရှားမပေးဘဲ မြေကွက်အစား ထိုးပေးဖို့ တောင်းဆို
တာတွေရှိခဲ့တယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြေကွက်အစားထိုးပေး
ဖို့အတွက် မြေလည်းမရှိဘူး။ ဥပဒေအရလည်း လယ်ယာမြေများကို ထပ်မံသိမ်းဆည်းဖို့မရှိပါဘူး။
ကူညီပေးနိုင်တာကတော့ တရားမဝင်မြေ ၀ယ်ယူထားသူတွေကို တန်ဖိုးနည်းအိမ်ရာတွေ ဦးစားပေး
ရောင်းချပေးဖို့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ပဲဖြစ်ပါတယ်"ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက
ဖေဖော်ဝါ ရီလ ၂၈ ရက်နေ့က ပြောကြားသည်။
ကျူးကျော်နေထိုင်သူများကို ဖယ်ရှား ရှင်းလင်းပြီးဖြစ်သော မြရည်နန္ဒာ ရပ်ကွက်တွင် မြို့ကွက်ပုံစံ
စနစ်တကျရေးဆွဲပြီး လမ်း၊ မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း၊ ဈေး၊ အားကစားကွင်းများပါ၀င်သော တန်ဖိုး
နည်းအိမ်ရာများ ဆောက်လုပ်ပေးရန်စီမံထားကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မန္တလေးမြို့တော်သူ၊ မြို့တော်သားတွေ စိတ်အေး
ချမ်းသာစွာနဲ့ လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ဖို့ဖြစ်ပါတယ်"ဟု မန္တလေးမြို့တော်ဝန်
ဦးအောင်မောင်းက ဆက်လက် ပြောသည်။
မြေယာအငြင်းပွားမှုများ ဖြစ်ပွားနေသော ပြည်ကြီးတံခွန်မြို့နယ်ရှိ ဇီးအုပ်၊ ကန်ကြီးကုန်းကိစ္စများနှင့်
ပတ်သက်၍ မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့က ၁၉၉၈ ခုနှစ်မှစ၍ နေရာချထားပေးပြီး ဖြစ်သော
မြေကွက်များပေါ်တွင် လူနည်းစု၏ အကြံအစည်များနှင့်အတူ ဈေးချိုချို နှင့် မြေရယူလိုစိတ်ဖြင့် ငွေ
ပေးဝယ်ယူ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယင်း နေရာတွင်လည်း မြို့ကွက်ပုံစံစနစ်တကျ ရေးဆွဲပြီး
တန်ဖိုးနည်းအိမ်ရာများ ဆက်လက်အကောင်အထည်ဖော် စီမံဆောင်ရွွက်သွားမှာဖြစ်ကြောင်း
မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးအကောင်အထည်ဖော်သွား
မည်ဖြစ် ကြောင်းနှင့် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"စည်ပင်သာယာမှာ ဒီလောက်ငွေ ကြေး အကုန်အကျခံနိုင်တဲ့ အင်အားမရှိပါဘူး။ ဒါကြောင့် ဘဏ်
ကနေငွေချေးပြီး ဆောင်ရွက်မှာပါ။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်းမှာ အပြီးဆောင်ရွက်သွားမှာပါ။
တန်ဖိုးနည်းအိမ်ရာဆောက်ဖို့အတွက် ရှေ့လထဲမှာ နည်းပညာလေ့လာနိုင်ဖို့ နိုင်ငံခြားကို အဖွဲ့
တစ်ဖွဲ့စေလွှတ်မယ်။ ရောင်းချမယ့်ပုံစံက တတ်နိုင်လို့ရှိရင် လက်ငင်းဝယ်မယ်ဆိုလည်း ရောင်းပေး
ပါမယ်။ အရစ်ကျနဲ့လည်း ရောင်းပေးမယ်။ အစိုးရအဖွဲ့ကလည်း ဘယ်လိုအရစ်ကျပုံစံနဲ့ ရောင်းမယ်
ဆိုတဲ့ပုံစံကို တင်ပြပါဆိုလို့ တင်ပြထားပါတယ်"ဟု မြို့တော်ဝန်က ပြောသည်။
မန္တလေးမြို့သည် ငလျင်ကြောပေါ်တွင်တည်ရှိသည့်အတွက် တန်ဖိုးနည်း အိမ်ရာများကို အကောင်
အထည်ဖော်ရာတွင် အနည်းဆုံးရစ်ချ်တာစကေး ရ ဒသမ ၅ ခံနိုင်သည့် အဆောက်အအုံများ
ဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
"မန္တလေးမြို့ဟာ ငလျင်ကြောပေါ်မှာ ရှိတယ်။ ဒီအချက်ဟာ လုံးဝမေ့ထားလို့ မရပါဘူး။ အဆောက်
အအုံဆောက်ရင် အနည်းဆုံးရစ်ချ်တာစကေး ရ ဒသမ ၅ လောက်ကို ခံနိုင်မှစိတ်ချရမယ်။ ဒီလို
အဆောက်အအုံလည်း ဖြစ်ရမယ်။ တန်ဖိုးလည်း နည်းရမယ်ဆိုပြီး ကျွန်တော်တို့ ကြိုးစားနေပါ
တယ်"ဟု မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း တစ်ရာအောက်ရောက်ရန် လေ့လာမှုများပြုလုပ်နေပြီး လော
လောဆယ်တွင် ဈေးနှုန်းအတိအကျကို မပြောနိုင်သေး ကြောင်း ၎င်းက ပြောကြားသည်။
















