၂၀၁၅ ရွေးကောက်ပွဲတွင် မြို့တော်ဝန် ဦးအောင်မောင်း အရွေးခံတော့မည် မဟုတ်

၂၀၁၅ ရွေးကောက်ပွဲတွင် မြို့တော်ဝန် ဦးအောင်မောင်း အရွေးခံတော့မည် မဟုတ်

မန္တလေးမြို့တော်ဝန်အဖြစ် တစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည့် ဦးအောင်မောင်းသည်
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ
လ ၂၈ ရက်နေ့က သတင်း ထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

"မြို့တော်ဝန်အဖြစ် တာဝန်ယူထားတာ တစ်နှစ်ရှိပါပြီ။ ဒီအတိုင်းအတာအတွင်းမှာ မြို့တော်ဖွံ့ဖြိုး
တိုးတက်ဖို့ အတွက်ကို အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သလို အောင်မြင်သင့်သလောက်လည်း
အောင်မြင်ခဲ့ပါတယ်။ အခုမြို့အတွက် အလုပ်လုပ်နေတာကိုက ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်တစ်ခုတည်း
နဲ့ လုပ်နေတာပါ။ အသက်ကလည်း ရ၀ ကျော်ရှိနေပါပြီ။ လာမယ့် ၂၀၁၅ မှာ အရွေးမခံတော့ဘဲ
အနားယူပါတော့မယ်"ဟု မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။

မြို့တော်ဝန်သက်တမ်း တစ်နှစ်အတွင်း ဖြေရှင်းဆောင်ရွက်ခဲ့ရသော ပြဿနာများမှာ ဈေးချို ပျံကျ
ကုန်စိမ်းဈေး အပြောင်းအရွှေ့၊ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းမှ ကုန်တင်ဂိတ် ပြောင်း
ရွှေ့ရေး ပြဿနာများဖြစ်ကြပြီး ယခုလက်ရှိအချိန်တွင်ပင် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီး
တံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများကို နူးညံ့စွာ ကိုင်တွယ်ဖြေရှင်းနေရသေးသည်ဟု
မြို့တော်ဝန်က ပြောသည်။

"အခု မြို့တော်ဝန်ကို ကြိုက်တဲ့သူရှိသလို သဘောမကျတဲ့သူလည်း ရှိမှာပေ့ါ။ ကျွန်တော်တို့က
တော့ စိတ်ကူးထားပြီး သားပါ။ ၂၀၁၅ မှာ သူ ပြန်ပြီးတော့ ရွေးခံ ခံ၊ မခံခံ မဲပေးဖို့အတွက်ကတော့
အစီအစဉ်မရှိတော့ပါဘူး ။ မြို့တော်ဖွံ့ဖြိုးတိုး တက်မှု တစ်ခုတည်းကိုပဲလုပ်လို့ မရပါဘူး။ မြို့တော်
နေပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်နေတာတွေကိုလည်း သေချာလေ့လာစေချင်တယ်။
ပြဿနာ တစ်ခုကို အတွင်းကျကျဖြေရှင်းပေးစေချင်တယ်"ဟု မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်
တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ်ရှိ ဦးမျိုးခိုင်က ပြောသည်။

မြို့တော်ဝန် ဦးအောင်မောင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် ၈၈ ကျောင်းသား
ရဲဘော် ဟောင်းတစ်ဦးက ဦးဆောင်ပြီး ဆန္ဒမဲကောက်ယူမှုများပြုလုပ်ခဲ့ရာမှာ ၂၀၁၀ ရွေးကောက်ပွဲ
ထောက်ခံ ဆန္ဒမဲရရှိမှု၏ တစ်ရာခိုင်နှုန်းကျော်ထိကို ရရှိခဲ့သည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်(၁)
တွင် ဦးအောင်မောင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)နှင့် ဦးမျိုးချစ် (တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးအောင်မောင်း က ဆန္ဒမဲ ၁၆,၈၆၈ မဲ ၊
ဦးမျိုးချစ်က ဆန္ဒမဲ ၁၄,၇၈၈ မဲရရှိခဲ့ကြသဖြင့် ဦးအောင်မောင်းက မဲ ၂,၀၈၀ အသာဖြင့် အနိုင်ရရှိ
သွားခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး
အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်း
ဆောင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး