တိမ်မြုပ်နေသော အစစ်အမှန်တစ်ခု

တိမ်မြုပ်နေသော အစစ်အမှန်တစ်ခု

အမှန်တရားကို နောက်ကျမှ မြင်တွေ့ လာတတ်တဲ့သဘောကို လူတိုင်းသိကြပါတယ်။ ဒီသဘော
အတိုင်းပါပဲ။ အထက် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ တကယ့်အမှန်တရားတစ်ခု နစ်မြုပ်
ကွယ်ပျောက်နေပါတယ်။

စာရေးသူ မြို့ပြ အင်ဂျင်နီယာဘွဲ့ရပြီးတော့ အစိုးရ ၀န်ထမ်းဘဝနဲ့ ၃၅ နှစ်လောက် တာဝန်ထမ်း
ဆောင်ခဲ့ပါတယ်။ အသက် ၆၀ နှစ် အပြည့်မှာပဲ ချင်းတွင်းမြစ်အနောက် ဘက်မှာရှိပြီး မုံရွာနဲ့ကိုးမိုင်
လောက်ဝေးတဲ့ မုံရွာရွှေတောင်ဦး လယ်တီဝိပဿနာစခန်းမှာ ရခဲလှတဲ့ရဟန်းဘောင်ကိုဝင် လိုက်
ပါတယ်။

စာရေးသူလည်း ငှက်ပျိုလေးတစ်ကောင်လို သွားလိုရာကို အရောက်သွားနိုင်လာတယ်။ ၀ိပဿနာ
တရားကို တစ်လကြာအားထုတ်ပြီးတဲ့ နောက် စာရေးသူ အစိုးရဝန်ထမ်းလုပ်စဉ်က စာရေးသူကို
အရှက်ရစေခဲ့တဲ့ နေရာဒေသတွေဆီ သွားတော့တာပါပဲ။

အစိုးရအထက်တန်းကျောင်းမှာတုန်းက စာရေးသူက စာကိုပဲ အချိန်ပြည့် လေ့လာသင်ယူခဲ့ရတာပါ။
အဲဒီနောက် ရန်ကုန်နည်းစက်မှုတက္ကသိုလ် (ယနေ့ ရန်ကုန် နည်းပညာတက္ကသိုလ်)မှာ သင်ယူခဲ့ပြီး
မြန်မာနိုင်ငံအောက်ပိုင်းကို တာဝန်ယူခဲ့ရပါတယ်။

ဒါကြောင့် စာရေးသူ မုံရွာဒေသသားဖြစ်ပေမယ့် အထက်မြန်မာနိုင်ငံအကြောင်း ဘာမှ မသိတာပါ။
စာရေးသူ ဇာတိဒေသက စိတ်ဝင်စားဖွယ်ရာတွေထဲမှာ ပါ၀င်တဲ့ အလောင်းတော်ကဿပ ရဟန္တာ
အရှင်သူမြတ်ရဲ့ ဂူဗိမာန်ဆီကိုတောင် စာရေးသူမရောက်ဖူးပါဘူး။ ဒါကြောင့် အထွေထွေဗဟုသုတ
အရာမှာ စာရေးသူ ပြောရမှာတောင်ရှက်ပါတယ်။

ခုတော့ ပွဲတော်ဖွင့်ရက်မတိုင်မီ ကတည်းက စာရေးသူရောက်သွားခဲ့ပါပြီ။ သဘာဝအခြေပြု
ခရီးသွားလုပ်ငန်း ခရီးတစ်ခုပါပဲ။ ဒီခရီးမှာ အလောင်းတော်ကဿပ ပရိနိဗ္ဗာန်ပြုခဲ့တဲ့ဂူကို ပိတ်ထား
တဲ့ကျောက်တံခါးကိုသာ ဖူးခဲ့ရပါတယ်။

ပရိနိဗ္ဗာန်စံပြီးဖြစ်တဲ့ အလောင်းတော်ကဿပရဲ့ ရုပ်ကလာပ်တော် အဲဒီဂူထဲမှာရှိတယ်ဆိုတဲ့
စိတ်ကူး နဲ့ ဖူးခဲ့တာဖြစ်ပါတယ်။ စာရေးသူဆန္ဒ မပြည့်ခဲ့ပါဘူး။

စာရေးသူက ကိုယ့်မျက်စိ နဲ့ တိုက်ရိုက်မြင်ပြီး ကိုယ်နှစ် စိတ်နှစ် ဖူးတွေ့ချင်တာပါ။ ဒီလိုနဲ့ပဲ
စာရေးသူမှာ သိချင်တဲ့ဆန္ဒတွေ ပိုများလာပါတယ်။ တကယ့်အစစ်အမှန်ဟာ ဘယ်ဆီမှာလဲ။

တကယ်အစစ်အမှန်ရှိတဲ့နေရာကို ဘုန်တော်ကြီးတစ်ပါးက လမ်းညွှန်ပြလိုက်ပါတယ်။ အလောင်း
တော်ကဿပ ဂူက ပြန်လာပြီးတဲ့နောက်၊ အလောင်းတော်ကဿပအစစ်ကို ဖူးတွေ့နိုင်ဖို့ စာရေးသူ
ခရီးဆက်ရပြန်တယ်။

စာရေးသူ မနက် ၃ နာရီမှာ အိပ်ရာကထပြီး မုံရွာကူးတို့ဆိပ်က 'ရွှေဧရာ' အမြန်စက်လှေနဲ့ ချင်းတွင်း
မြစ်အထက်ပိုင်းဘက်ဆီ တက်သွားပြီး 'မောက်ကတော်' ရွာမှာဆင်း (မင်းကင်းမြို့နယ်၊ အင်ပင်လှ
ကျေးရွာအုပ်စု) အညာလယ် ကျေးရွာဆီပေါက်တဲ့လမ်းကို ရွာသား တွေထံ ချဉ်းကပ်မေးမြန်းပါ
တယ်။ ဒီလမ်းဟာ အလောင်းတော်ကဿပရဲ့ ခြေတော်ရာ အစစ်ရှိတဲ့ ရွာဆီကိုပေါက်တဲ့ အတွင်း
လမ်းဖြစ်တယ်။ ခြေတော်ရာ အစစ်ဆီသွားနိုင်တဲ့ လမ်းသုံးခုရှိပါတယ်။

အမှတ်(၁)လမ်းက 'မောက်ကတော်'ရွာ အထက်နားရှိ 'နှင်းကြီးရွာ'မှ 'အညာလယ်' ရွာသို့။
အမှတ်(၂)လမ်းက 'မောက်ကတော်'ရွာ အထက်နားရှိ 'လက်ချိတ်ရွာမှ 'အညာလယ်' ရွာသို့။
အမှတ်(၃)လမ်းက 'မောက်ကတော်'ရွာ မှ 'အညာလယ်ရွာသို့' ဆိုပြီးရှိတယ်။

တောလမ်းခရီးရှည် လမ်းလျှောက်ချင်ရင် အမှတ် (၁) လမ်းနဲ့ အမှတ် (၂) လမ်းအတိုင်းသွားပါ။
ဒီလမ်းကြောတွေပေါ်မှာ သဲချောင်းတွေထဲမှာ အလျားလိုက်လျှောက်တဲ့အခါ လျှောက်ရသလို
သဲချောင်းတွေကို ဖြတ်လျှောက်ရတာမျိုးတွေနဲ့လည်း ကြံုရ တတ်ပါတယ်'။

အမှတ် (၃) လမ်းကိုရွေး ထားရင်တော့ 'မောက်ကတော်' ရွာက အငှားမော်တော်ဆိုင်ကယ်နဲ့
'မဟာမြိုင်' တောကို နည်းနည်းပါးပါးဖြတ်သွားရုံပါပဲ။

'အညာလယ်'ရွာကို ညနေ ၅ နာရီ လောက်မှာ ရောက်သွားရင်ပဲ လူမသိ သူမသိတိမ်မြုပ်ပြီး မထင်
မရှားဖြစ်နေတဲ့ အလောင်းတော်ကဿပရဲ့ တကယ့် ခြေတော်ရာအစစ်ကို ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်
ကိုယ်ကျ အသေအချာဖူးတွေ့ ခွင့်ရပါပြီ။

ဘယ်ဘက်ခြေဖဝါးရဲ့ ခြေတော်ရာ ဖြစ်ပါတယ်။ ခြေဖနောင့် တော်အကျယ် ရှစ်လက်မ၊ ခြေချောင်း
တော်များနေရာအကျယ် ၁၆ လက်မ၊ ခြေတော်ရာအလျား ၂၉ လက်မ ရှိပါတယ်။

လူတွေ ဖန်တီးပြုလုပ်ထားတဲ့ လက်လုပ် ခြေတော်ရာမဟုတ်ပါဘူး။ လက်လုပ်ရုပ်တုတွေကို
စာရေးသူ စိတ်မဝင်စားဘူး။

ခြေတော်ရာ ထင်နေပုံဟာ လေဆာရောင်ခြည် ထွင်းဖောက်ထား သလိုပါပဲ။ ခရစ်ယာန်ဘာသာရေး
သမိုင်းထဲက ပညတ်တော်ကမ္ပည်း ကျောက်စာချပ်တွေနဲ့ ဆင်တူနေပါတယ်။

အလောင်းတော်ကဿပရဲ့ ခြေတော်ရာအစစ်ကို စာရေးသူကိုယ်တိုင် မျက်စိနဲ့ စိတ်နှစ် ကိုယ်နှစ်ဖူး
တွေ့ခွင့် ရခဲ့ပါပြီဗျာ။

ရဟန်းဘဝနဲ့ ပျော်မွေ့သွားဖို့ စာရေးသူဆုံးဖြတ်လိုက်ပါပြီ။ မြို့ပြ အင်ဂျင်နီယာတစ်ယောက်အနေနဲ့
ဗုဒ္ဓ သာသနာတော် အဓွန့်ရှည်တည်တံ့ဖို့၊ ထွန်းကားပြန့်ပွားဖို့အတွက် ခြေတော်ရာကိန်းဝပ်စံပယ်ရာ
ဂန္ဓကုဋိတိုက်၊ သိမ်၊ အာရုံခံတို့ကို ပြန်လည်ဖြည့်စွက် ပြင်ဆင်သွားဖို့ စာရေးသူဆုံးဖြတ်ထားပါပြီ။

ဒီနေရာလေးကို အလည်လာဖို့၊ ခရီးစဉ်နဲ့ နေရာထိုင်ခင်း အဆင်ပြေဖို့ အတွက် စာရေးသူကို ဆက်
သွယ်ကြဖို့ ခင်မင်ရင်နှီးစွာ ဖိတ်ခေါ်ပါတယ်။

ဒကာဒကာမများအနေနဲ့ ပါ၀င်လှူဒါန်းလိုပါလျှင် အထူးငွေစာရင်းနံပါတ် ၀၂၅ ၁၁၁ ၀၀၀၂၈၀၀ of
Monywa KBZ bank.

SADU, SADU, SADU သို့ ကြိုတင်ငွေသွင်းထားကြဖို့လည်း မေတ္တာနဲ့ နှိုးဆော်ပါရစေ။

ဦးဝိမလ၊ ၀၉-၈၆၂၃၇၁၁၊ ၀၉-၅၀ ၆၄၂၆၅၊ ၀၉-၇၃၀ ၂၁၁၀၄



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး