မန္တလေးမြို့ရဲ့ ငြိမ်သက်နေတဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဟာ လက်ရှိကာလမှာလည်း
ထူးထူးခြားခြား လှုပ်ခတ်လာတာမရှိသေးဘဲ သင်္ကြန်ပြီးချိန်နောက်ပိုင်း လာမယ့်ကာလအပိုင်း
အခြားကိုသာ ဆက်လက်စောင့်မျှော်ရမယ့် အနေအထားဖြစ်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်
တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ကုန်ခါနီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဈေးကွက်အတွင်း မူမမှန်တဲ့ အရောင်းအဝယ်လှုပ်
ခတ်မှုဟာ တစ်နှစ် ကျော်ကြာတဲ့ အခုအချိန်အထိ ရိုက်ခတ် မှုပြင်းထန်နေဆဲဖြစ်ပါတယ်။
ဈေးနှုန်း တွေထိုးတက်ပြီး အရောင်းအဝယ်တွေလည်း တွန်းတွန်းတိုက်တိုက် ဖြစ်ခဲ့ချိန်က မြေ
အရောင်းအဝယ်မှာ သူ့ထက်ငါဦး ၀င်ရောက်လှုပ်ရှား ဖြစ်ခဲ့ကြသူတွေထဲမှာ လက်ထဲမှာကွက်ကျန်
တွေ တင်ကျန် နေခဲ့ကြသူတွေအနေနဲ့ အခုအခါမှာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ နဲ့
ကြုံတွေ့နေကြရပါပြီ။
ငြိမ်သက်နေပြီး ကြိုက်ရောင်းကြိုက် ၀ယ်အဖြစ်သာ အများဆုံးကျင့်သုံးဖြစ် နေကြတဲ့ အိမ်မြေဈေး
ကွက်ဟာ ဒီအနေ အထားအတိုင်းသွားနေတာ တစ်နှစ် ကျော်ကြာမြင့်ခဲ့ပြီဆိုပေမယ့် ဘယ်အချိန်
မှာ ဈေးကွက်ပြန်လှုပ်မလဲဆိုတာက တော့ မှန်းဆရခက်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။
မြေဈေးကွက်ဟာ မထင်မှတ်တဲ့ အချိန်မျိုးမှာ မမျှော်လင့်တဲ့အကြောင်း ရင်းတစ်ခုခုကြောင့် ထလှုပ်
ခတ်တတ်တယ်ဆိုပေမယ့် လက်ရှိအနေအထားက တော့ လှုပ်ခတ်ချင်ရင်တောင် ကျဉ်းထဲ ကျပ်ထဲ
အဖြစ်ကို ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။
ဆိုလိုတာက မြေဈေး ကွက်မှာ ၀င်ရောက်ပြီး ငွေကစားလေ့ရှိ သူအများစုအနေနဲ့ ဈေးကွက်သွက်
လာ နိုင်ခြေရှိရင်တောင် အရင်ကဖြစ်ထားတဲ့အခြေအနေကြောင့် ပြံုတိုးလာကြမှာ မဟုတ်ဘဲ
စဉ်းစားရင်း'တွန့်'နေကြဦး မယ့်ပုံစံရှိနေပါတယ်။
"လက်ရှိ မြေအရောင်းအဝယ်ဈေးကွက်က အေးပါတယ်။ ၀ယ်ရောင်းသမားမဟုတ်ဘဲ နေဖို့စဉ်းစား
သူ လောက်ပဲဝယ်မယ့်သူရှိတယ်။ တချို့ ပိုင်ရှင်တွေလည်း ဈေးချရောင်းတာ ရှိတယ်"လို့ ထင်ပေါ်
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးခင်မောင်သောင်း က လက်ရှိဈေးကွက်အခြေအနေကို ပြောပါ
တယ်။
မြေဈေးကွက်ကို ပုံမှန်အရောင်း အဝယ်အနေအထားအတိုင်း ပြန်အလုပ် လုပ်နိုင်ဖို့ မျှော်မှန်းနေသူ
တွေ၊ အထူးသဖြင့် လူနေကျဲပါးတဲ့အကွက်အကွင်း တွေမှာ မြေကွက်လွတ်တွေကို အမြင့် ဈေးနှုန်းနဲ့
ပိုက်ထားမိသူတွေအနေနဲ့ ဈေးကွက်အသွက် တစ်ပတ်ပြန်လည်လာဖို့အရေး မျှော်လင့်နေကြပေ
မယ့် ဒီ ၂၀၁၃ ခုနှစ်မှာလည်း ပထမသုံးလဟာ ထူးမခြားနားအခြေအနေနဲ့သာ ကုန်ဆုံးသွားဖို့များ
နေပါတယ်။
ဒါကြောင့် မြန်မာနှစ်ကူးသင်္ကြန်အပြီးမှာ ဆက်လက်စခန်းသွားရမယ့်အခြေအနေကို စောင့်စားရ
မယ့်ပုံ ရှိနေပေမယ့် လာမယ့်ကာလမှာလည်း ဈေးကွက် အနေအထားဟာ မျှော်သာမျှော်၊ ထူးခြား
မယ့်အနေအထား ဖြစ်လာပါ့မလားဆိုတာ ယတိပြတ်ပြောဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
အခုအခါမှာ စီမံကိန်းရှိနေတယ်၊ ရှေ့အလားအလာအတွက် ကောင်းနေတယ်ဆိုရင်တောင်မှ မြေ
ဈေးကွက်မှာ ၀ယ်သူထွက်လာဖို့ခက်တဲ့ အနေအထား ဖြစ်နေတယ်လို့လည်း အကျိုးဆောင် တချို့
က ပြောပါတယ်။
ဒါဟာ မြေလွတ် အများစုရှိနေတဲ့ အကွက်အကွင်းတွေဘက်မှာ အများဆုံးဖြစ်နေတယ်လို့ ဆိုနိုင်ပါ
တယ်။ နောက်ပြီး မြေဈေးကွက် ပြန်နာလန် မထူနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပိုင်ဆိုင်မှုအငြင်း
ပွားနေကြတဲ့ အရှုပ်အရှင်းတွေ ပေါ်ပေါက်နေကြတာလည်း ပါပါတယ်။
မြေဈေးကွက်ပြန်လှုပ်ခတ်ဖို့ မျှော်သူတွေက မျှော်နေချိန်မှာ ဒီအငြင်းပွားမှုပြဿနာတွေကသာ
အများစုရဲ့ အာရုံမှာ နေရာယူသွားရပြန်ပါတယ်။
ဒီအခြေအနေမှာ သင်္ကြန်ပြီး နောက်ပိုင်း ကာလဟာ မျှော်လင့်ရကျိုးနပ်မလား ဆိုတာကတော့
ကံကြမ္မာကိုပဲ ပုံအပ်ရ မယ့်အနေအထားမျိုး ဖြစ်နေတယ်လို့ အိမ်မြေအကျိုးဆောင်တချို့က
ပြောပါတယ်။
















