ဒီတစ်ပတ်တော့ ကိုယ်ပိုင်မိသားစုလေးနဲ့ အေးအေးချမ်းချမ်း နေထိုင်အနား ယူနိုင်ပြီး တောင်ပေါ်
ဒေသကိုမှ နှစ်သက်တဲ့သူတွေနဲ့ ပြင်ဦးလွင်မြို့ရဲ့ အလှအပတွေကို ခံစားပြီးနေချင်သူတွေအတွက်
တော့ ပဒေသာမြို့သစ်ထဲက ရှေးဆန်တဲ့ နှစ်ထပ်တိုက်လေးကို ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။
ဒီတိုက်အိမ်လေးဟာ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်ရဲ့ အချက်အချာကျတဲ့ စွယ်တော်လမ်းနဲ့
ရတနာလမ်း နှစ်လမ်းကြားမှာ တည်ရှိပြီးတော့ ရတနာလမ်းကနေ ဒီတိုက်အိမ်လေးကို ၀င်မယ်ဆို
ရင်လည်း သိပ်မကြာပါဘူး။
အိမ်ရှေ့မှာ ခင်းထားတဲ့ လမ်းအကျယ်အဝန်းကလည်း ပေ ၂၀ တောင် ခင်းထားတာ ကြောင့် ကား
တွေ ဆိုင်ကယ်တွေလည်း ကျယ်ကျယ်ဝန်းဝန်း သွားလို့ရတဲ့အပြင်မြို့တွင်းနဲ့လည်းနီးပြီးတော့
ဆိုင်ကယ် နဲ့သွားမယ်ဆိုရင်တော့ ငါးမိနစ်တောင် မသွားရပါဘူး။
ခြံအကျယ်အဝန်း ပေ ၈၀ x ၁၂၀ (စတုရန်းပေ ၉,၆၀၀) ရှိတဲ့အပေါ်မှာ အိမ် အကျယ်ပေ ၄၀ ပတ်
လည် (စတုရန်းပေ ၁,၆၀၀) တည်ဆောက်ထားတာကြောင့် မိသားစုများတဲ့သူတွေအတွက်တော့
အကြိုက်တွေ့စေမှာသေချာပါတယ်။
အိမ်ထဲကိုစဝင်လိုက်ရင်ပဲ ကျယ်ဝန်းလှတဲ့ဧည့်ခန်းကျယ်ကြီးကို အရင်ဆုံး တွေ့မြင်ရမှာဖြစ်ပြီးတော့
ရေချိုးခန်းနဲ့ အိမ်သာ တွဲရက်ပါရှိတဲ့ မိသားစုအိပ်ခန်း သုံးခန်း ပါရှိပါတယ်။
အိမ်အပေါ်ထပ်မှာ တော့ စိတ်ကြိုက်ပြင်ဆင်နိုင်အောင် အခန်းတွေကို ဖွဲ့စည်းမထားဘဲ ဧည့်ခန်း
ကျယ်ကြီးအဖြစ်နဲ့ ထားရှိပေးထားပါတယ်။
သစ်ပင်ပန်းမန်စိုက်တာ ၀ါသနာပါသူ တွေနဲ့ အဆောက်အအုံထပ်မံဆောက် လုပ်လိုသူတွေအတွက်
လည်း ပေ ၄၀ x ၁၂၀ အကျယ်အဝန်းရှိတဲ့ မြေကွက်လပ် ကျန်ရှိနေပါသေးတယ်။
ပြင်ဦးလွင်မှာက ရှေးအိမ်ပုံတွေကို လူကြိုက်များတဲ့ခေတ် ဖြစ်နေတာဆိုတော့ ဒီအိမ်လေးကိုလည်း
ရှေးဆန်တဲ့ဒီဇိုင်းနဲ့ ဆောက်လုပ်ထားတာပေါ့။
အိမ်ရှေ့ကဝရန်တာလေး ကအစ ရှေးပုံစံနဲ့ဆောက်လုပ်ထားတာ ကိုတွေ့ရမှာပါ။
ရေ၊ မီးအစုံပါ၀င်ပြီးတော့ အရှုပ်အရှင်းကင်းတဲ့ ဒီအိမ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်
ပါ လိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန် - ကောင်းဟိန်းဆက် အိိိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း။
ဖုန်း - ၀၉-၄၇၁၁၄၂၀၇၊ ၀၉-၄၇၁၄၁၉၀၇၊
ဈေးနှုန်း - (ညှိနှိုင်း)
















