မီတာစနစ်ဖြင့် ပထမဆုံးတက္ကစီလိုင်း ပြေးဆွဲမည်

မီတာစနစ်ဖြင့် ပထမဆုံးတက္ကစီလိုင်း ပြေးဆွဲမည်

မန္တလေးမြို့၌ ပထမဆုံးမီတာစနစ် ဖြင့်ပြေးဆွဲမည့် တက္ကစီယာဉ်ငှားစနစ်ကို မန္တလေးဂုဏ်ကုမ္ပဏီက
စတင်ဆောင်ရွက်နေပြီဖြစ်သည်ဟု အဆိုပါကုမ္ပဏီမှ ကိုကျော်မင်းသူက ပြောသည်။

"ဒီနှစ်စပိုင်းမှာစပြီး ပြေးဆွဲခဲ့တာပါ။ ခရီးသွားပြည်သူတွေ လိုရာခရီးကို သက်တောင့်သက်သာသွား
နိုင်ဖို့ ဈေးနှုန်းချိုချိုနဲ့ ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်ထားတာပါ။ မီတာစနစ်နဲ့ မောင်းတဲ့အတွက် ဈေးနှုန်း
လည်းတည်ငြိမ်ပါတယ်"ဟု ၎င်းက ပြောသည်။

မီတာစနစ်ဖြင့် တစ်မိုင်ကို ရ၀၀ ကျပ် နှုန်းကောက်ခံကာ၊ မိုင်နှုန်းများသည့် ခရီးစဉ်များအတွက်
ပုတ်ပြတ်ဈေးနှုန်းဖြင့် ပို့ဆောင်ပေးနေပြီး၊ လူလေးယောက်စီး ကားတစ်စီးစာငှားခမှာ လိုင်းကားဈေး
မျှသာဖြစ်သည်ဟုလည်း သိရသည်။

"မီတာစနစ်နဲ့ တောင်းတာဖြစ်လို့ ဈေးနှုန်းက တပြေးညီပါပဲ။ ခရီးစဉ်ပြီးဆုံးတဲ့အခါ ငွေရှင်းပြီးမီတာ
ဖြတ်ပိုင်း တောင်းခံနိုင်ပါတယ်။ ကားတွေ မှာ ကုမ္ပဏီတံဆိပ်ပါတဲ့အတွက် ဈေးနှုန်း က လုံးဝကို
စိတ်ချရပါတယ်"ဟု ကိုကျော်မင်းသူ ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး