ပုဂံ-ညောင်ဦးမြို့၌ အခမဲ့ကွန်ပျူတာ သင်တန်းပေးမည်

ပုဂံ-ညောင်ဦးမြို့၌ အခမဲ့ကွန်ပျူတာ သင်တန်းပေးမည်

ပုဂံ-ညောင်ဦးမြို့ သံလျက်ချောင်း ဘုန်းတော်ကြီးကျောင်းတွင် Synergy လူငယ်စွမ်းရည် မြင့်တင်
ရေးအဖွဲ့က အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ
ကိုအောင်ကျော့ဖေက ပြောသည်။

"ဒီသင်တန်းက ညောင်ဦးမြို့မှာ ပထမဆုံးဖွင့်လှစ်တဲ့သင်တန်းပါ။ နွေရာသီ ကျောင်းပိတ်ရက်မှာ
ကလေးတွေရဲ့ အချိန်အလဟဿမဖြစ်စေဘဲ အကျိုးရှိ ရှိအသုံးချနိုင်အောင်လို့ပါ။ ညောင်ဦးမှာ က
ဟိုတယ်ခရီးသွားလုပ်ငန်းတွေ ရှိနေ တော့ ကလေးတွေကို ကွန်ပျူတာနဲ့ နီးစပ် စေချင်လို့ပါ။
ဒီသင်တန်းဖွင့်နိုင်ဖို့အတွက် သူငယ်ချင်းတွေဆီက ကွန်ပျူတာတွေငှားပြီးလုပ်ရပါတယ်။ ကွန်ပျူတာ
အလုံး ၂၀ လောက်တော့ ငှားလို့ရသွားပါတယ်"ဟု ကိုအောင်ကျော့ဖေက ပြောသည်။

အဆိုပါ ကွန်ပျူတာသင်တန်းမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တန်း ခွဲလေးခုပါ၀င်မည်ဖြစ်ပြီး
မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့ အထိ သင်ကြားသွားမည်ဖြစ်သည်။

"သင်တန်းသားတွေကို ပညာအရည်အချင်း ကိုးတန်းနဲ့အထက် သတ်မှတ်ထားပါတယ်။ သင်တန်း
လျှောက်လွှာ တွေကို မတ်လ ၃ ရက်နေ့ကနေ ၁၂ ရက် နေ့အထိ လက်ခံသွားပါမယ်။

"တန်းခွဲ တစ်ခုကို ၂၅ ယောက်လောက် လက်ခံ နိုင်အောင်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အဖွဲ့
အနေနဲ့နှစ်စဉ် နှစ်တိုင်းဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ"ဟု ကိုအောင်ကျော့ဖေ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး