ဒုတိယ ရင်ပြင်တော် အတွက် စည်းကမ်းမဲ့ ဆိုင်ခန်းများကို ရှင်းလင်းမည်

ဒုတိယ ရင်ပြင်တော် အတွက် စည်းကမ်းမဲ့ ဆိုင်ခန်းများကို ရှင်းလင်းမည်

မန္တလေး တောင်ပေါ်တွင် ဒုတိယရင်ပြင်တော် ပြန်လည်ဖော်ဆောင်ရေးအတွက် စည်းကမ်းမဲ့
ဈေးဆိုင်ခန်းများကို ဖယ်ရှားသွားမည်ဖြစ်သည်ဟု မန္တလေးတောင် ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက
ပြောသည်။

အဆိုပါရင်ပြင်တော်သည် ဈေးဆိုင်ခန်းများနှင့်ပိတ်နေခြင်းကြောင့် တောင်ပေါ်မှ ရှုခင်းများကြည့်ရန်
အနေအထားကောင်းများ မရှိတော့သည့်အတွက် ဈေးဆိုင်ခန်းများကို ဖယ်ရှားပြီး မန္တလေးတောင်၏
အလှများပေါ်လွင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

"ရင်ပြင်တော်က ရှိပြီးသားပါ။ ဈေးသည်တွေ၊ ဈေးဆိုင်ခန်းတွေပိတ်နေတဲ့အတွက် ပျောက်နေသလို
ဖြစ်နေတာပါ။ အခုတော့ ဈေးဆိုင်ခန်းတွေကိုဖယ်ခိုင်းပြီး ရင်ပြင်တော်ကနေရှုခင်းတွေကြည့် လို့ ရ
အောင်လုပ်နေပါတယ်။ ရှိပြီးသားနေရာကိုလုပ်တာပါ။ အသစ်မဟုတ်ပါဘူး။ အခုတော့ ဒုတိယ
ရင်ပြင်တော်ဖြစ်တာပေါ့"ဟု ဦးသိန်းထွန်းက ပြောသည်။

ဖယ်ရှားပြီးဆိုင်ခန်းများအတွက် ဆိုင်ခန်းနေရာသစ်များ ချပေးသွားမည်ဖြစ်ပြီး၊ မတ်လအတွင်းအပြီး
ပြောင်းရွှေ့နိုင်ရန် ဆိုင်ခန်းသစ်များ နေရာသစ်တွင် ဆောက်နေသည်ဟုလည်း သိရသည်။

"နှစ်သစ်မကူးခင်အပြီးရွှေ့ခိုင်းဖို့ လုပ်ဆောင်နေပါတယ်။ အစားပေးဖို့ဆိုင်ခန်း တွေပြီးနေပါပြီ။ အခု
အသစ်ဆောက်တဲ့ နေရာတွေက ကျန်စစ်သားကုန်းနေရာ၊ ဘီလူးမစောင်းတန်းအောက်ခြေနဲ့
မြောက်ဘက်တွေမှာ ဆောက်ထားပါတယ်"ဟု ဦးသိန်းထွန်းက ပြောသည်။

အဆိုပါရင်ပြင်တော်နေရာတွင်ဆိုင်ခန်းပေါင်း ရ၅ ခန်းရှိပြီး၊ ဆိုင်ခန်းပိုင်ရှင် ပေါင်း ၄၄ ယောက်ရှိ
သော်လည်းပိုင်ရှင် တစ်ဦး ဆိုင်ခန်းတစ်ခန်းသာ ပေးမည်ဖြစ်ကြောင်း ဦးသိန်းထွန်းက ပြောသည်။

"ပိုင်ရှင်တစ်ဦးကို တစ်ခန်းပဲပေးမယ်။ တချို့ဆိုရင်တစ်ဦးတည်း လေးခန်း၊ ငါးခန်း ပိုင်တာတွေရှိ
တယ်။ အဲဒါတွေ ကြောင့် ပိုင်ရှင်တစ်ဦးကိုတစ်ခန်းနှုန်းပဲ ပေးတာပါ။

"ပြီးတော့ဈေးသည်တွေက ဈေး ရောင်းကောင်းအောင် အပေါ်တက်ပြီး ရောင်းတာတွေကစပြီးသူပိုင်
တွေ၊ ငါပိုင်တွေဖြစ်လာတာပါ။ ဘယ်သူ့ကမှ သူ့တို့ကို တရားဝင်ထွက်ခိုင်းတာမရှိပါဘူး။ ပြီးတော့
ရွှေသိမ်တော်နေရာကလည်း မြန်မာတွေ တန်ဖိုးထားတဲ့နေရာပါ။ အခုတော့ ဈေးသည်တွေက
ရွှေသိမ်တော် ဘေးမှာဆိုင်ခန်းတွေ ဆောက်ထားပြီးနေကြ၊ စားသောက်ကြ၊ အိပ်နေကြတာတွေက
အမြင်မတော်ဘူး။ အဲဒါတွေ ကိုလည်းဖယ်ရှားမှာပါ"ဟု ၎င်းက ဆက်လက် ပြောသည်။

ဂေါပကအဖွဲ့က မန္တလေးတောင် သာယာလှပရေးနှင်ဘဏ္ဍာငွေတောင့် တင်းရေးအတွက်
လုပ်ဆောင်လျက်ရှိရာ တစ်လလျှင် ဘဏ္ဍာငွေကျပ် သိန်း၂၅၀ ကျော်ရရှိသည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး