မြေရာအငြင်းပွားမှုများကြောင့် ပိုင်ရှင်ရှိကြောင်း ခြံခတ်၊ စာကပ်အသိပေးခြင်း များလာ

မြေရာအငြင်းပွားမှုများကြောင့် ပိုင်ရှင်ရှိကြောင်း ခြံခတ်၊ စာကပ်အသိပေးခြင်း များလာ

မန္တလေးမြို့တွင်း၌ မြို့ကွက်သစ်အပိုင်းရှိ မြေကွက်လွတ်များပြားပြီး လူနေထိုင်မှု နည်းပါးသေးသော
နေရာများ၌ မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေသောကြောင့် မြေပိုင်ရှင်များ က
၎င်းတို့ပိုင်ဆိုင်သောနေရာများကို ခြံခတ်ခြင်း၊ ပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်ထောင်ကြေညာခြင်းများ
လုပ်ဆောင်မှုများပြားလာကြောင်း သိရသည်။

လက်ရှိ၌ အထူးသဖြင့် ကုန်တင်ကားကြီးကွင်းသစ်ရှိရာတစ်ဝိုက် လလ၊ ၀၀ အပိုင်းများရှိ မြေရာပိုင်
ဆိုင်မှု အငြင်းပွားခြင်းများရှိသည်ဟု ကြားသိရသော နေရာများ၌ ပိုင်ရှင်အချို့က ပိုင်ရှင်ရှိ သော
မြေကွက်ဖြစ်ကြောင်း မိမိတို့ မြေကွက်များတွင် ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို မိတ္တူကူး၍ကပ်ကာ
ဆိုင်းဘုတ်ထောင်လျက် အသိပေးလာကြသည်။

"၀၀ အကွက်ကြီးဘက်မှာ ကျွန်တော့် မြေကွက်ရှိပါတယ်။ အငြင်းပွားကြတာတွေရှိလို့ လူနေလည်း
ရှိအောင် အခု အငှားချထားရပါတယ်"ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သူ ကိုညီညီက ပြောသည်။

စည်ပင်သာယာကလည်း မန္တလေးမြို့ ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့ က ၁၉၉၁ - ၁၉၉၂
ခုနှစ်မှစ၍ လူနေအိမ် မြေကွက်များ၊ စက်မှုလုပ်ငန်းမြေကွက် များကို လိုအပ်သူများအား မြေချပေး
မိန့် များဖြင့် ချပေးခဲ့သော်လည်း အိမ်ဆောက်ခြင်း၊ လုပ်ငန်းအသုံးပြုခြင်းမရှိဘဲ မြေချပေးမိန့်များကို
ကိုယ်စားလှယ်လွှဲစာ (GP/SP) အဆင့်ဆင့်ဖြင့် ရောင်းဝယ်နေခြင်းကြောင့် မြေကွက်လပ်များ
ဖြစ်နေကြောင်း၊ ပိုင်ရှင်ပြောင်းသွားသော်လည်း တရားဝင်မှတ်ပုံတင်စာချုပ်ဖြင့် ရောင်းဝယ်ခြင်း
မဟုတ်၍ ပိုင်ဆိုင်မှုမခိုင်မာဘဲ ရောင်းဝယ်မှုအတွက် နိုင်ငံတော် အခွန်အခများလည်း ဆုံးရှုံးနေ
ကြောင်း ကြေညာပြီး ဂရန်လျှောက်ကြရန် တိုက်တွန်းနေသည့်အပြင် မြေကွက်လွတ်များတွင်
ယခုနှစ်အတွင်း ခြံခတ်၊ အိမ်ဆောက်ကြရန်လည်း နေ့စဉ်ထုတ် မြို့ခံသတင်းစာမှနေ၍ အဆက်
မပြတ် အသိပေးနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး