မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၌ သင်္ကြန်မဏ္ဍပ်များ
ရေရရှိရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်းသိရသည်။
"ဒီနှစ်သင်္ကြန်မှာ မြို့တွင်းအနှံ့အပြား စည်ကားစေဖို့အတွက် ကျုံးပတ်လ ည်နဲ့ ကန်တော်ကြီးအပြင်
မြို့နယ်အလိုက် လမ်းမကြီးတွေမှာလည်း နေရာချထား ပေးပါ့မယ်။
"သင်္ကြန်မဏ္ဍပ်ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ငွေကြေးပေးသွင်းစရာ မလိုတော့ဘဲ သင်္ကြန်မဏ္ဍပ်
တွေ ရေရဖို့ကိုလည်း ဆောင်ရွက်ပေးသွားမှာပါ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့ရှိ မြို့နယ်အလိုက် လမ်းမကြီးများဖြစ်သော လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်းနှင့် မြို့ပတ်
လမ်း၊ ၆၂ လမ်း၊ ရ၃ လမ်း၊ ရ၈ လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၈၆ လမ်းမကြီးများနှင့် အခြားယာဉ်လမ်း
ကြောင်းပိတ်ဆို့မှု မရှိနိုင်သည့်နေရာများတွင် မဏ္ဍပ်များကို နေရာချထားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
၂၀၁၂ ခုနှစ်သင်္ကြန်တွင် မဏ္ဍပ်အရေအတွက် ၃၀ ခန့်ရှိခဲ့ပြီး ပုဂ္ဂလိကမဏ္ဍပ် အရေအတွက်တိုး၍
ဆောက်လုပ်ခွင့် ပေးခြင်း၊ ကြော်ငြာခွန်ကင်းလွတ်ခွင့်နှင့် တခြားလွတ်လပ်ခွင့်ပေးခြင်းများ ရှိခဲ့
ကြောင်း သိရသည်။
တောင်ဘက်ကျုံးတွင် မဏ္ဍပ် ၁၇ ခု ရှိခဲ့ ပြီး မဏ္ဍပ်တည်ဆောက်ရန် ၁၀ နေရာ အတွက် လူ ရ၃ ဦး
မဲနှိုက်ခဲ့ရကြောင်း၊ ကျုံးပတ်လည်ရှိ ပုဂ္ဂလိကမဏ္ဍပ်နေရာများအတွက် စုစုပေါင်းမဲနှိုက်သူမှာ ၈၀ ခန့်
ရှိခဲ့ကြောင်း သိရသည်။
















