ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ယနေ့အချိန်အခါမှာ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေဟာ စိန်ခေါ် မှုပေါင်းများစွာ ကြံုတွေ့ရမှာ
ဖြစ်ပါ တယ်။ ဒီလိုစိန်ခေါ်မှုတွေကြားမှာ မိမိလုပ်ငန်း၊ မိမိစီးပွားရေးကို ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ
ခေတ် အမြင်နဲ့လိုက်ပြီး ကြိုးစားဆောင်ရွက် မှသာ အောင်မြင်လာနိုင်တယ်လို့ ဆိုသူကတော့
စိုးဝင်းမြင့်ပွဲရုံလုပ်ငန်း ပိုင်ရှင် ဦးစိုးဝင်းမြင့်ပဲဖြစ်ပါတယ်။

သူ့ကို ၁၃၁၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်နေ့မှာ ပခုက္ကူမြို့နယ် ပခန်းကြီးကျေးရွာမှာ
အရောင်းအဝယ်လုပ်ကိုင်တဲ့ ဦးခင်မောင်၊ ဒေါ်ခင်စုတို့က မွေးဖွားပေးခဲ့ပြီး မွေးချင်း ငါးယောက်
အနက် အကြီးဆုံးသားဖြစ်ပါတယ်။ သူငယ်စဉ်က စီးပွားရေးသမား တစ်ဦးဖြစ်ချင်ခဲ့တဲ့အတွက်
ယခုလက်ရှိအချိန်မှာ ငယ်ဘဝအိပ်မက် တွေနဲ့ ထပ်တူကျနေတဲ့အတွက် မိမိဘဝကို အမြဲကျေနပ်
နှစ်သက်နေသူတစ်ဦး ဖြစ်ပါ တယ်။ မန္တလေးမြို့ကို ၁၉၇၃၊ ရ၄ ခုနှစ်မှာ ဦးစိုးဝင်းမြင့်စတင်ရောက်
ရှိခဲ့ပြီး မန္တလေး တက္ကသိုလ်က သချာင်္ဘာသာဖြင့် ဘွဲ့ရရှိခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝ
က ဟံသာဝတီဦးဝင်းတင်၊ ဦးအုန်းကြိုင်(မဟာအောင်မြေလွှတ်တော်အမတ်) တို့နဲ့အတူအကွ
နေထိုင်ခဲ့ရသောကြောင့် ကျောင်းသားဘဝမှစတင်ကာ စာပေများကို ချစ်မြတ်နိုးခဲ့ကြောင်း၊ ပြင်ပ
ဗဟုသုတများစွာကိုရရှိခဲ့ပြီး ၎င်းတို့နဲ့အတူ နေထိုင်ခဲ့စဉ်ကာလများကို မိမိအတွက် အမြဲအမှတ်
တရဖြစ်နေစေခဲ့ကြောင်း ဦးစိုးဝင်းမြင့်ပြောပြသည်။

"ကျွန်တော်တက္ကသိုလ်တက်တော့ မန္တလေးကိုစတင်ရောက်ရှိခဲ့တယ်။ အဲဒီမှာပဲ ၈၅ လမ်း၊
၃၁လမ်းနှင့် ၃၂ လမ်းကြား၊ အမှတ် ၁၀၁ မှာရှိတဲ့ တက္ကသိုလ်ကိုစောလွင်ရဲ့တိုက်မှာ ဟံသာဝတီ
ဦးဝင်းတင်တို့ ဦးအုန်းကြိုင်တို့နဲ့ အတူနေခဲ့ရပါတယ်။ သူတို့ဆီကနေ စာပေနဲ့ ပက်သက်တာတွေ
နောက် လက်ဝဲဆန်တဲ့စိတ်ဓာတ်တွေကို ရရှိခဲ့တာပေါ့။ သူတို့နဲ့နေခဲ့ရ တဲ့အချိန်တွေကတော့
ဘဝမှာအမှတ်တရရှိစေခဲ့ပါတယ်။

ငယ်တုန်းကလည်း စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင်ခဲ့တာဆိုတော့ လက်ရှိအချိန်မှာတော့ ကိုယ်ဘဝ
ကိုယ်ကျေနပ်တယ်လို့ ပြောလို့ရပါတယ်" လို့ သူကပြောပါတယ်။ သူက ခေတ်ရဲ့လိုအပ်ချက်
ပြောင်းလဲလာတဲ့ စီးပွားရေးလမ်းကြောင်းတွေကို အမြဲတမ်းလေ့လာလိုက်စားတတ်သူတစ်ဦးဖြစ်ပြီး
လုပ်ငန်းတစ်ခုကို လုပ်ကိုင်မယ်ဆိုရင် သေချာလေ့လာပြီး ရဲရဲဝံ့ဝ့ံလုပ်ကိုင်တတ်သူတစ်ဦးလည်း
ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် နိုင်ငံတော်မှာ စက်သုံးဆီလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြု
ခဲ့စဉ်က သူ့ရဲ့ပွဲရုံလုပ်ငန်းကိုလုပ်ကိုင်ရင်း မွေးရပ်ဖြစ်တဲ့ ပခန်းကြီးနယ်မှာ စက်သုံးဆီဆိုင်ကို စတင်
ဖွင့်လှစ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကံကြမ္မာရဲ့လှည့်စားမှုတွေ၊ စီးပွားရေးလောကရဲ့ အပြောင်း
အလဲတွေလည်း ကြံုတွေ့ခဲ့ရပြီး ၂၀၀၈ ခုနှစ်က ပဲဈေးကွက်အရှုပ်အရှင်းပြဿနာတွေကြောင့် သိန်း
၂,၀၀၀ ကျော်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

"၂၀၀၈ ခုနှစ်ဝန်းကျင်ကာလတွေက ကျွန်တော်အတွက်တော့ တကယ်ကို ကံမကောင်း ပါဘူး။
လုပ်ငန်းမှာ ငွေကြေးတွေအရှုံးပေါ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ဓာတ်ကျ မသွားဘဲနဲ့ ကျွန်တော့်
လုပ်ငန်းတွေကို သေသေချာချာပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ စိုးဝင်းမြင့်
နာမည်နဲ့ပဲ ပခန်းကြီးနယ်မှာ စက်သုံးဆီဆိုင် ဖွင့်ခဲ့တယ်။ တကယ်ကမန္တလေးမှာ မြေဈေး
အရမ်းကြီးလွန်းလို့ နယ်မှာသွားဖွင့်လိုက်ရတာပါ" ဟု ဦးစိုးဝင်းမြင့်က ပြောပါတယ်။

ယနေ့အချိန်အခါမှာ ယခင်ကမန္တလေးနဲ့ပတ်သက်တဲ့ အငွေ့အသက်တွေကို ရရှိဖို့ အတွက်
အလွန်ခက်ခဲလာကြောင်း၊ မန္တလေးမြို့သူ၊ မြို့သားတွေရဲ့နည်းပါးလာပြီး နန်းဆန်လှ သည့်
မန္တလေးရှိ မြို့သူ၊ မြို့သားတွေရဲ့ အကြောင်းအရာတစ်ခုအပေါ် အစွဲအလမ်း ထားတတ်ပုံတွေ၊
တစ်ဦးပေါ်တစ်ဦးကူညီတတ်ပုံတွေ ရိုးသားမှုတွေကို မိမိလွမ်းဆွတ် သတိရမိကြောင်း ဦးစိုးဝင်းမြင့်
က ယနေ့မန္တလေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြ ပါတယ်။

မန္တလေးသားတွေ နည်းပါးလာတယ်ဆိုပေမယ့် မနက်ခင်းစောစော အချိန်တွေမှာ မြို့ပေါ်မှာရှိတဲ့
ကျောင်းတိုက်တွေက သံဃာတော်တွေ စီတန်းဆွမ်းခံကြွလာချိန်မှာ သက်ဆိုင်ရာ ရပ်ကွက်ဆွမ်း
လောင်းအသင်းတွေနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေက တန်းစီ ဆွမ်းလောင်းတတ်တာကို ယနေ့
အချိန်ထိမြင်တွေ့နေရသေးကြောင်း သူကဂုဏ်ယူစွာ ပြောပါတယ်။

"မန္တလေးမြို့ပေါ်မှာရှိတဲ့ ရဟန်းသံဃာတွေနဲ့ မြို့သူမြို့သားတွေရဲ့ ဆရာဒကာ စိတ်ဓာတ် လေးတွေ
က အရမ်းကို ကြီးမားလွန်းတယ်။ အရမ်းလည်းဂုဏ်ယူမိတယ်။ ကျွန်တော်တို့ ၂၀၀၀ ပြည့်နှစ် ၀န်း
ကျင်တုန်းက ပွဲရုံတန်းမှာ ပဲခွဲစက်ကနေ စမီးလောင်တော့ အနီး ၀န်းကျင်မှာရှိတဲ့ ဘုန်းကြီးကျောင်း
တွေက သံဃာတွေက သင်္ကန်းတွေ ခါးတောင်း ကျိုက်ပြီးတော့ ရွှေတချောင်းမြောင်းထဲက ရေတွေ
နဲ့ဝိုင်းပက်ပေးကြတာ" ဟု ဦးစိုးဝင်းမြင့်က အတိတ်အဖြစ်ပျက်များကို ပြောပြပါတယ်။ ဦးစိုးဝင်းမြင့်
က အရွယ်မရောက်သေးတဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ လူကုန်ကူး ခံနေရတာတွေ နည်းပါးလာစေဖို့
အတွက် ှလေန ြညေိေူပေ အမည်နဲ့ အရပ်ဖက်အဖွဲ့ အစည်းတစ်ခုကို ထူထောင်သွားဖို့လည်း စီစဉ်
နေတယ်လို့ ဆိုပါတယ်။ မိမိရဲ့သားသမီးတွေကိုလည်း ပွဲရုံလုပ်ငန်းပိုင်ရှင်၊ ဆရာဝန်တွေဖြစ်အောင်
ပြုစု ပျိုးထောင်ပေးခဲ့ပြီး စီးပွားရေးနဲ့ မိသားစုဘဝပျော်ရွှင်မှု ဟန်ချက်ညီညီ လုပ်ဆောင်နိုင် သူလည်း
ဖြစ်ပါတယ်။ ါ