ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ပညာရှင်ဆိုတာဟာ ဘဝတူပညာသည် တွေရဲ့ လေးစားမှုကိုခံရမှ ပညာရှင်လို့ သတ်မှတ်လို့ရ
မယ်လို့ အလေးအနက် ထား ပြောဆိုခဲ့တဲ့ မန္တလေးမြို့က ရေဆေးပန်းချီဆရာ ဦးခင်မောင်စန်းက
ပန်းချီအလုပ်ကို လုပ်တတ်လို့ ပန်းချီ ဆရာလို့ အသိအမှတ်ပြုတာခံရရုံ၊ လူသိ များရုံ၊ ပန်းချီဆရာ
အဖြစ် ကောင်းမွန်စွာ ရပ်တည်နိုင်ရုံနဲ့ ဘဝအဓိပ္ပာယ် မပြည့်စုံ ဘဲ တိုင်းပြည်ကို ကိုယ်စားပြုတဲ့
ပေါ်ဦး သက်၊ ဆရာကြီး ဦးဘသက်၊ ဆရာကြီး ဦးငွေကိုင်တို့လို ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

"ကိုယ့်ပန်းချီသမိုင်းကြောင်း လှပချင်တယ်။ တိုင်းပြည်နဲ့ လူမျိုး ကိုယ်စားပြုတဲ့အထိ ဖြစ်ချင်တယ်။
ပန်းချီကား ရောင်းရရုံနဲ့ ကျွန်တော့်ဘဝကိုကျေနပ်ပြီလားမေးရင် အဲဒီဘဝ လောက် မကျေနပ်နိုင်ပါ
ဘူး။ ဒါကိုပိုပြီး ပေးဆပ်နိုင်ဖို့လိုအပ်လာတယ်။ ဒါထက်ပိုပြီး အလုပ် လုပ်ဖို့ လိုအပ်လာတယ်"လို့
၎င်းက ဆိုပါတယ်။

အဓိပ္ပာယ်ပြည့်ဝတဲ့ ပန်းချီဆရာဘဝကို ရရှိဖို့အတွက် အစိုးရဝန်ထမ်းအလုပ်ကနေ ဒီထက် ပိုပြီး
စောစောထွက်သင့်ခဲ့တယ်လို့ ဆရာဦးခင်မောင်စန်းက ယူဆခဲ့ပါတယ်။ ၀န်ထမ်းအလုပ်ကနေ
အနားယူစဉ်ကတည်းက ခရီးတွေ ဆက်တိုက်ထွက်ဖြစ်ပြီး မရောက်ဖူး တဲ့ ဒေသတွေကို သွား
ရောက်ပန်းချီရေးဆွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရေးမကုန်တဲ့ လှပတဲ့ရှုခင်းတွေ
ရှိတာကြောင့် ပြည်နယ်၊ တိုင်းတွေမှာ လှည့်ပတ်ပြီး ပန်းချီရေးဆွဲချင်တယ်ဆိုတဲ့ သူ့ဆန္ဒကိုလည်း
ပြောပြပါသေးတယ်။

"ကချင်ပြည်နယ်ကို မရောက်ဖူးတဲ့သူတွေအတွက် ဒီပြည်နယ်ရဲ့ စရိုက်တွေ၊ သဘော လက္ခဏာ
တွေ မြင်တွေ့သွားအောင် ပန်းချီကားအဖြစ်နဲ့ ဖန်တီးချင်တယ်။ ဆောင်းပါးတွေ ရေးချင်တယ်။ အဲဒီ
ကနေပြန်လာရင် ပြည်မမှာပြပွဲလုပ်မယ်" လို့ ဆိုပါတယ်။ သူဟာ မန္တလေးကျံုးနဲ့ နန်းတော်ကြီးကို
လည်း ရှုထောင့်အမျိုးမျိုးကို ပေါ်လွင်အောင် ရေးသား ခဲ့ပါတယ်။ ပန်းချီဆရာအဖြစ် အနှစ် ၃၀ ၀န်း
ကျင် ဖြတ်သန်းခဲ့သူတစ်ယောက်အနေနဲ့ ပန်းချီကားပေါင်း သောင်းသိန်းချီရေးသားခဲ့ပြီးဖြစ်သလို
ပန်းချီဆိုင်ရာ စာအုပ်သုံးအုပ်တိတိ ထုတ်ခဲ့ပြီးပါပြီ။ တစ်ကိုယ်တော် ပန်းချီပြပွဲပေါင်း ၁၅ ပွဲ တိတိ
ပြသခဲ့ပြီး လာမယ့် ၁၆ ကြိမ်မြောက်ပြပွဲ ကို ဧပြီလမှာ ၁၀ ရက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ နဝဒေး
လမ်းက ွှ့ငညု ဗမအ ွေူူနမေပ မှာ ရေဆေးပန်းချီကားပေါင်း ၁၅၀ နဲ့ ပြသမယ်လို့ ဆိုပါတယ်။

လူဦးရေ တစ်သိန်းမှာ ရေဆေး ပန်းချီပညာရှင်တစ်ယောက်မရှိဘူးလို့ဆိုခဲ့ပြီး ၁၉၉၆ ခုနှစ် မန္တလေး
တိုင်းမှာ ကျင်းပပြုလုပ်တဲ့ ပန်းဆယ်မျိုးပြိုင်ပွဲ၊ ပြပွဲရဲ့ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်မှာ ရေ
ဆေးပန်းချီ ပထမ ဆက်တိုက်ရရှိခဲ့တာဟာလည်း ရေဆေးပန်းချီကို ခိုင်ခိုင်မြဲမြဲ ရေးဆွဲဖို့ တွန်းအား
တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ "ငယ်ငယ်လေးကတည်းက ပန်းချီဝါသနာပါတယ်။ ဆယ်တန်း
အောင်ပြီး ကြားကာလတွေ မှာ အကွက်ချ ပုံတူပန်းချီ ရေးခဲ့တယ်။ ဇော်ဝမ်း၊ ကျော်ဟိန်း၊ မင်းမင်း
လတ်တို့ပုံတွေရေးခဲ့ပြီး တစ်ပုံကို ငါးကျပ်ရခဲ့တယ်။ အဖေက မေမြို့ပြောင်းတော့ မေမြို့၊ကျောက်
တိုင်ကွင်းထဲက လွတ်လပ်ရေးနေ့အခမ်းအနားမှာ ရိုးရာပန်းပညာရှင်များ အစည်းအရုံးက ပြပွဲလေး
လုပ်တဲ့ အခါ ကိုယ်ရေးထားတဲ့ ပန်းချီကားကိုပြဖို့အတွက် သုံးကားကို ကျပ် ၁၀ နဲ့ ပြပွဲဝင်ရတယ်။

" ဆရာ ဦးခင်မောင်စန်းဟာ ကောင်စီစာရေးအလုပ်လုပ်ခဲ့ရာက ၁၉၇၅ ခုနှစ်ရောက် တော့ မန္တလေး
ပန်းချီ၊ ပန်းပုကျောင်းမှာ ကျောင်းတက်ခဲ့ပြီး ကျောင်းပြီးချိန်မှာ မန္တလေး ဒေသကောလိပ်မှာ ကွင်းဆင်း
နည်းပြ၊ ဓာတ်ခွဲခန်း လက်ထောက်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မန္တလေးပန်းချီ
ပန်းပုကျောင်း နည်းပြဆရာအဖြစ်၊ ၁၉၉၈ ခုနှစ်မှာ ကျောင်းအုပ် အဖြစ်နဲ့ ၂၀၀၀ မှာ လက်ထောက်
ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကန့်ဘလူမြို့နယ်
မှာ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ သူတစ်ဦးသာ ပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့တာပါ။

၁၉၇၆ ခုနှစ်၊ မန္တလေးမြို့မှာ အိမ်ထောင်ပြုပြီး ကတည်းက အနေချနေထိုင်ခဲ့အတွက် သူ့ကိုယ်သူ
မန္တလေးဇာတိကလို့ ရည်ညွှန်းပြောဆိုပါ တယ်။ ဦးခင်မောင်စန်းက လူတစ်ယောက်ဘယ်လောက်
အလုပ်လုပ်ခဲ့သလဲအပေါ်မူတည်ပြီး သူ့တန်ဖိုးသတ်မှတ်ရမယ်၊ လုပ်ချင်တဲ့အလုပ်၊ လုပ်နိုင်တဲ့
အလုပ်ကို အကောင်းဆုံး လုပ်သွားရ မယ်လို့ ဆိုပါတယ်။ ကိုယ့်တန်ဖိုး၊ ကိုယ့်အရိပ်အာဝါသဟာ
သားစဉ်မြေးဆက်အထိ ခံယူနိုင် တဲ့ အဆင့်မျိုး ရရှိချင်တယ်လို့ ဆိုပါတယ်။