ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

လူတိုင်းဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေမှာ ကိုယ်လုပ်ချင်တဲ့အရာ တစ်ခုက ရှိစမြဲပါ။
အကြောင်းတစ်မျိုးမျိုး ကြောင့် မလုပ်ခဲ့ရတာတွေရှိတတ်ပါ တယ်။ ဒါကြောင့် အခုအချိန်မှာ
ပြန်လုပ် ချင်တဲ့အရာတစ်ခုကို လုပ်ခွင့်ရမယ် ဆိုရင်တော့ ပြည်သူ့ဝန်ထမ်းကောင်း တစ်ယောက်
ဖြစ်ချင်ပါတယ်လို့ပြော လာသူကတော့ မန္တလေးမြို့က သန်းတစ်ရာ ထုံးဘဲဥလုပ်ငန်းရဲ့
သုံးဆက်မြောက်လုပ်ငန်းရှင် မငြိမ်းငြိမ်း ဖြစ်ပါတယ်။ သူမကို ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှာ
ဖခင်ဦးခင်အောင်နှင့် မိခင်ဒေါ်တင်ဌေး တို့က မွေးဖွားခဲ့ပါတယ်။ သူက ညီအစ်မသုံးယောက်
ထဲမှာအကြီးဆုံးဖြစ်ပါတယ်။၂၀၀၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သိပ္ပံဘာသာတွဲနဲ့
ဂုဏ်ထူးတစ်ဘာသာ ထွက်ခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ မိတ္ထီလာ စီပွားရေးတက္ကသိုလ်
ကနေ စီးပွားရေးဘာသာရပ်ဆိုင်ရာ B.Com နဲ့ ဘွဲ့ရခဲ့ပါတယ်။ မငြိမ်းအနေနဲ့ တက္ကသိုလ်
ကနေ ဘွဲ့ရပြီးတဲ့အချိန်မှာတော့ ငယ်စဉ်က သူလုပ်ချင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်ချင်
ခဲ့တာပါ။ ဒါပေမဲ့ မိဘလက်လုပ်လက်ရင်းဖြစ်တဲ့ စီးပွားရေးကိုသာ ရွေးချယ်ခဲ့ပါတယ်။
ဘာကြောင့် စီးပွားရေးကို ရွေးချယ်ခဲ့တာလဲဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
"ငယ်စဉ်အချိန်က ပြည်သူ့ဝန်ထမ်းကောင်းဖြစ်တဲ့ ရဲမေဖြစ်ချင်တာပါ။ဒါပေမဲ့ ကျွန်တော်ဘွဲ့ရပြီးတဲ့အချိန်မှာတော့ ကိုယ့်မိဘတွေရဲ့စီးပွားရေးအမွေကိုဆက်ခံသင့်တယ် လို့ တွေးထင်ခဲ့ပါတယ်။ ဒါကြောင့်ငယ်စဉ်က
တွေးခဲ့တဲ့စိတ်ကို မေ့ပစ်လိုက်ရပါတယ်။ ဒါပေမဲ့ အခုအချိန်ထိကတော့ အခွင့်ကြံုလာခဲ့ရင်
ပြည်သူ့ဝန်ထမ်းကောင်းအဖြစ် လုပ်ချင် ပါသေးတယ်"လို့ ပြောပါတယ်။ ၂၀၀၅ ခုနှစ်မှာ
သူမမိဘလက်ရင်းအလုပ်ဖြစ်တဲ့ အလုပ်ကို စတင်လုပ်ကိုချိန်မှာတော့ အခက်အခဲတွေနဲ့ကြံုခဲ့ရတာ
က ဘဲဥ မလုံးတတ်တဲ့အတွက် ခနတိုင်းကွဲကုန်တာဖြစ်တယ် လို့ပြောပြပါတယ်။ ဒီလိုနဲ့ပဲ
မငြိမ်းဟာ သန်းတစ်ရာ ထုံးဘဲဥလုပ်ငန်းကို လက်ရှိအချိန်မှာ ဦးစီးလုပ်ကိုင်လာတဲ့အထိ
ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မငြိမ်းရဲ့အသက်က ၃၃ နှစ်ဝန်းကျင်ရှိတဲ့အချိန်မှာ
သူမလုပ်ငန်းအတွက် အရေးကြီးတာက ဘာလဲဆိုတာ ပြောပြပါတယ်။ "ဘဲဥ မလုံးတတ်
လုံးတတ်နဲ့ပဲ ဒီလုပ်ငန်းကို ကျွမ်းကျင်လာခဲ့ပါတယ်။ ဒီလုပ်ငန်းကို စလုပ်တဲ့အချိန်မှာ
အကောင်းဆုံးလုပ်တာကတော့ လူမှုဆက်ဆံရေးကို ကောင်းမွန်အောင် ပေါင်းသင်းတတ်
လာတယ်။ ဘာလို့ဆိုတော့ ကျွန်မတို့ရဲ့ ကုန်ကြမ်းတွေက ဘဲခြံပိုင်ရှင် တွေလေ။ "ကိုယ်နဲ့
ရေရှည်ဆက်ဆံရမှာဆိုတော့ ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်ရတာလေ။
အခုဆိုရင်လည်း ဘဲဥပွဲစားတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန် အောင် လုပ်ဆောင်ထားရပါတယ်"
လို့ ပြောပါတယ်။

ထုံးဘဲဥကို စတင်စားသုံးတတ်တဲ့လူတွေကတော့ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ မငြိမ်း တို့
ဒီလုပ်ငန်းကို စတင်လုပ်ကိုင်လာရတဲ့ အကြောင်းအရင်းကတော့ မငြိမ်းရဲ့ အဖိုးအဖွား
တွေပဲဖြစ်ပါတယ်။ "ကျွန်တော့်အဘိုးအဘွားက တရုတ်လူမျိုးတွေပါ။ သူတို့ကနေ ဒီလုပ်ငန်းကို
စတင်ခဲ့တာပါ။ အဲဒီအချိန်ကနေ အဖေ့လက်ထက်ထိ ရောက်လာတယ်။ ပြီးတော့ အဖေ့ဆီကနေ
ကျွန်တော်လက်လွှဲယူတဲ့အထိ ဖြစ်လာပါတယ်"လို့ မငြိမ်းကပြောပါတယ်။ သူမ အဘိုးအဘွား
လက်ထက်က စတင်ခဲ့တဲ့ ထုံးဘဲဥလုပ်ငန်းက အခုအချိန်နဲ့စာရင် တော့ ပြောင်းလဲမှုက
အများကြီးရှိသွားပါတယ်။ အဘိုးအဘွားလက်ထက်က ထုံးဘဲဥရောင်း ခဲ့တဲ့ အရေအတွက်နဲ
့ အခုရောင်းနေရတဲ့အရေအတွက် ကွာခြားမှုတွေရှိလာခဲ့ပါတယ်။ ဈေးကွက်ချဲ့ထွင်မှုမှာလည်း
ပြောင်းလဲသွားပါပြီ။ "ထုံးဘဲဥကို အခုအချိန်ထိ ဆက်လုပ်နေသလို ရေရှည်မှာလဲ ပိုအောင်မြင်
အောင်လုပ် ဆောင်သွားမယ်။ ဒါ့အပြင် တခြားလုပ်ငန်းကိုလည်း ထပ်မံတိုးချဲချင်ပါတယ်။
ကိုယ့်အသက် အရွယ်နဲ့ ဒီလုပ်ငန်းကို ဦးဆောင်နေတဲ့အချိန်မှာ ရောက်ရှိနေတဲ့အနေအထားကို
ကျေနပ်ပါတယ်"လို့ မငြိမ်းက ပြောပါတယ်။ သူမ ဦးဆောင်လုပ်ကိုင်တဲ့ အချိန်ကနေ လက်ရှိ
အချိန်အထိမှာ ထုံးဘဲဥရောင်းရမှု ကျဆင်းခဲ့တဲ့ အချိန်က၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်ကြံုခဲတဲ့
အချိန်ဖြစ်တယ်လို့ ပြောပါ တယ်။အဲဒီအချိန်ကဆိုရင် ထုံးဘဲဥတစ်လုံးမှ မရောင်းရတဲ့နေ့တွေရှိတယ်
လို့ ပြောပါ တယ်။ ဈေးကွက်ထဲမှာ ထုံးဘဲဥရဲ့ အားသာချက်က ကြက်ဥ၊ ဘဲဥတို့နဲ့ယှဉ်ရင်
အချိန် အတော်ကြာ ထားနိုင်တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း သန်းတစ်ရာထုံးဘဲဥလုပ်ငန်းနဲ
့ ပြိုင်ဖက်လုပ်ငန်းရှင်တွေလည်း ရှိလာပါပြီ။ ဒါပေမဲ့ မငြိမ်းကတော့ ကိုယ့်အလုပ်ကိုသာ
အကောင်ဆုံးလုပ်ရန် တွေးထားပါတယ်။ "တကယ်တော့ ထုံးဘဲဥလုပ်ငန်းက စားသုံးသူတွေ
အတွက် ကောင်းမွန်ပါတယ်။ဘာကြောင့်ဆိုတော့ ထုံးဘဲဥက ကျန်းမာရေးအရလည်း
ကောင်းမွန်ပါတယ်။ စီးပွားရေး အတွက် အလုပ်လုပ်ရပေမယ့် ကိုယ်လုပ်တဲ့အလုပ်က
စားသုံးသူတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူဖြစ်တဲ့အတွက် ဒီအလုပ်အပေါ်
လုပ်ရတာကို ကျေနပ်ပါတယ်"လို့ ပြောပြ ပါတယ်။ "ခြေလှမ်းတိုင်းမှာ ပထမဆုံးခြေလှမ်းက
အရေးကြီးပါတယ်" ဆိုတာကတော့ မငြိမ်း ခံယူချက်ဖြစ်ပါတယ်။