မောင်တောဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် အခြေခံစားကုန်များ ပို့ဆောင်ပေး

မောင်တောဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် အခြေခံစားကုန်များ ပို့ဆောင်ပေး

ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စေတနာရှင်ပြည်သူများ
ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို တာဝန်ရှိသူများနှင့်
လုံခြံုရေးတပ်ဖွဲ့များမှတစ်ဆင့် ဒေသခံပြည်သူများထံ ပို့ဆောင်ပေးလျက်ရှိကြောင်း
မြဝတီသတင်းတစ်ရပ်တွင် နိုုဝင်ဘာ ၂၃ ရက်က ဖော်ပြထားသည်။

ထို့ပြင် မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ အရေပြားရောဂါကြောင့် ဆေးဝါးကုသမှုခံယူရန်
လိုအပ်သည့် လူနာတစ်ဦးအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနိုင်ရန်
စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။