နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်
မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင်
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက်
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့
တက်ရောက်ရန်အတွက် လာအိုနိုင်ငံသို့ ထိုင်းလေကြောင်းဖြင့် ဇူလိုင်လ ၂၂ ရက်နေ့
မွန်းလွဲ ၃ နာရီတွင် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဖော်ပြထားသည်။
မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။










