၂ဝ၁၈ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ်သတ်မှတ်ရန် အကောင်အထည်ဖော် စီစဉ်နေပြီး
ခရီးသွားဝန်ဆောင်မှု များ တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား
လုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြထားသည်။
ခရီးသွားနှစ်မတိုင်မီ မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ဟိုတယ်
အခန်းခများနှင့် ခရီးစရိတ် များကို အိမ်နီးချင်းနိုင်ငံများထက် လျှော့ချနိုင်ရန် လိုအပ် ကြောင်း၊ လေကြောင်းလိုင်းလက်မှတ်ခ စျေးကြီးခြင်းတို့ကိုလည်း ပြန်လည်
သုံးသပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ဖော်ပြထားသည်။
၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ငါးသန်းခွဲခန့် ဝင်ရောက်ရန်
ခန့်မှန်းထားပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သန်း ၂ဝ ကျော်
ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ
သိရသည်။










