ပန်းဆိုးတန်းဆိပ်ခံတံတားသစ် သြဂုတ်လအတွင်း ပြီးစီးမည်

ပန်းဆိုးတန်းဆိပ်ခံတံတားသစ် သြဂုတ်လအတွင်း ပြီးစီးမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးလက်အောက်ရှိ
တည်ဆောက်လျက်ရှိသည့် ပန်းဆိုးတန်းဆိပ်ခံတံတားမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍
ဩဂုတ်လအတွင်း ဖွင့်လှစ်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း တာဝန်ရှိသူများ၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဖော်ပြထားသည်။

ပန်းဆိုးတန်းဆိပ်ခံတံတားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက New Downtown Development
Public Limited က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ထပ်ခွဲ ခရီးသည်
နားနေဆောင်တစ်လုံး၊ တစ်ထပ်ခွဲ ရုံးအဆောက် အအုံတစ်လုံး၊ မြစ်ကမ်းဘက်အခြမ်းတွင်
ဗောနှင့်တွဲလျက် အတက်အဆင်း ဆိပ်ခံဗောတံတားနှစ်စင်း၊ သံမဏိပေါင်းကူး တံတား
နှစ်ခုပါဝင်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးနှင့်
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးမှ တာဝန်ရှိသူများက ဇူလိုင်လ ၂၅ ရက်နေ့ တွင် အဆိုပါ
ပန်းဆိုးတန်းဆိပ်ခံတံတားကို သွားရောက် စစ်ဆေးခဲ့ရာ ဆိပ်ကမ်းတည်ဆောက်မှုလုပ်ငန်း
၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ဩဂုတ်လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း
ဖော်ပြထားသည်။