ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ အစည်းအဝေးများသို့ တက်ရောက်ခဲ့

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ အစည်းအဝေးများသို့ တက်ရောက်ခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်
ဇူလိုင်လ၂၅ ရက် နေ့တွင် ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌
ကျင်းပသည့် အာဆီယံနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ၀န်ကြီးအဆင့်အစည်းအဝေး
များသို့့ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇူလိုင်လ ၂၆ ရက်နေ့က ဖော်ပြထားသည်။

အာဆီယံ-တရုတ် ၀န်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ရာတွင် ကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ပြီး အာဆီယံအသိုက် အဝန်းထူထောင်ရေးတွင်
တရုတ်နိုင်ငံက ဆက်လက် ကူညီထောက်ပံ့သွားရေး၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ- တရုတ်
ဆက်သွယ်မှု 2+7 Cooperation Frameworkကို ဆောင်ရွက်သွားရေး၊ ASEAN Infrastructure
Investment Bank (AIIB) တည်ထောင်နိုင်ရေး၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ (၇) ရက်တွင်
ဗီယင်ကျန်းမြို့၌ အာဆီယံ-တရုတ် Commemorative Summit ကျင်းပသွားနိုင်ရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်တွင် အာဆီယံ-တရုတ် လူငယ်များ အပြန်အလှန် ပညာသင်စေလွှတ်နိုင်ရေး၊
ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်ကို အာဆီယံ-တရုတ်
ခရီးသွားနှစ်အဖြစ် သတ်မှတ် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံ-သြစတေးလျဝန်ကြီးအဆင့်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ပြည်ထောင်စု
၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်က ဆောင်ရွက်ပြီး အမှာစကားပြောကြားရာတွင် လူမှု၊
ယဉ်ကျေးမှုနယ်ပယ်တွင် ကျောင်းသားများ အပြန်အလှန်ဖလှယ် မှုအစီအစဉ်၊ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်းဖြင့် ဒေသနှစ်ခုအကြား ချိတ်ဆက်ရေးတို့ကို ဆောင်ရွက်ရန်
အရေးကြီးကြောင်း ပြောကြားခဲ့ပြီး ပူးပေါင််းဆောင်ရွက်ရေး ဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။