အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမှ မြန်မာရေလုပ်သားများအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်မည်

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမှ မြန်မာရေလုပ်သားများအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်မည်

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမှ မြန်မာရေလုပ်သားများအနက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်
ကျန်ရှိသူ ၁၀ ဦးအား ခေါ်ယူနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယူးဒေလီ မြို့ရှိ မြန်မာသံရုံး၊
ကော်လ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြထားသည်။

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဆိုပါရေလုပ်သား ၁၀ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ် များထုတ်ပေးခဲ့ပြီး ပို့ဘလဲယားမှ ကော်လ်ကတ္တားသို့ ရေကြောင်း ခရီးဖြင့်
ခေါ်ဆောင်ကာ ကော်လ်ကတ္တားမြို့တွင် ပြည်ဝင်ဗီဇာ လျှောက်ထားလျက် ဇူလိုင်လ ၂၇ ရက်နေ့တွင်
အိန္ဒိယလေကြောင်း ပျံသန်းအမှတ် A 227 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း၊
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးများမှ
တာဝန် ရှိသူများမှ ကြိုဆိုကာသက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း
သိရှိရသည်။