မလေးရှားနိုင်ငံရှိ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား (၇၀၀) အား
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည့် အစီအစဉ်ကို မဆောင်ရွက်နိုင်တော့ကြောင်း
မလေးရှားနိုင်ငံရှိမြန်မာသံရုံးက အသိပေးကြေညာခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖော်ပြထားသည်။
ထိုသို့ မဆောင်ရွက်နိုင်ခြင်းမှာ အလှူရှင်ဖြစ်သူ ဖိုးလမင်းထရိတ်ဒင်းကုမ္ပဏီမှ
မလေးရှားနိုင်ငံတစ်ဝန်းရှိ အကျဉ်းစခန်း (၁၁) ခုတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသားများအား
မြန်မာ့လေကြောင်းပိုင် လေယာဉ် (၅) စီးဖြင့် လာမည့်သြဂုတ်လ ၃ ရက်မှ စတင်၍
အမိမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်မည့် ကမ်းလှမ်းအဆိုပြုချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ခြင်းကြောင့်
ဖြစ်ကြောင်း သိရသည်။
မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။









