၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံပြီး ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်
အမှုဆောင် အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အမှုဆောင်
အဖွဲ့အစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ် အမှုဆောင်
အဖွဲ့အစည်းအဝေးကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၂၈ ရက်နေ့က
ဖော်ပြထားသည်။
ညီလာခံကြီးသို့ အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက်များနှင့် အဖွဲ့ အစည်းများ၊
ဖက်ဒရေးရှင်း (IFLA) မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပါအဝင် အာရှဒေသစာကြည့်တိုက်များမှ
စာကြည့်တိုက်ပညာရှင်များ၊ စာကြည့်တိုက်နှင့် ဆက်နွယ်နေသော လုပ်ငန်းရှင်များ၊ နည်းပညာ
ကျွမ်းကျင်သူများအပါအဝင် စုစုပေါင်း ရ၀၀ ခန့် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု
ဆိုသည်။
၁၇ ကြိမ်မြောက် အရှေ့တောင်အာရှစာကြည့်တိုက်မှူးများ ညီလာခံကြီးကို အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို
ရန်ကုန်မြို့တော်ဝင်ဂါးဒင်းဟိုတယ်တွင် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့၌ပြုလုပ်မည်ဖြစ်ကြောင်း
သိရသည်။
မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။









