ကမ္ဘောဒီးယား- လာအို- မြန်မာဗီယက်နမ် လေးနိုင်ငံခရီးသွား ကဏ္ဍနှင့် ဘဏ်လုပ်ငန်း
ဆိုင်ရာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် “လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု”
ကွန်ဖရင့်ကို ရန်ကုန်မြို့ရှိ Melia Hotel HAGL Complex တွင် ဇူလိုင်လ ၃၀ ရက်မှဩဂုတ်လ
၁ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင်သြဂုတ်လ ၁ ရက်နေ့ကဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပူးပေါင်းပါဝင်မှု၊ ဗီယက်နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ (Hoang Anh Gia Lia -HAGL) Corporation နှင့် ကမ္ဘောဒီးယား၊
လာအိုနှင့် မြန်မာနိုင်ငံတို့ရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့်
အဆိုပါကွန်ဖရင့်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံ
များအကြား ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်၊
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ရန်၊ လေးနိုင်ငံခရီးစဉ်ဒေသအား
စိတ်ဝင်စားဖွယ်ကောင်းသော ခရီးစဉ်တစ်ခုအဖြစ် မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏
ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုအနုပညာ များအား ဖလှယ်ရန်၊ ဈေးကွက်မြှင့်တင်ရှာဖွေခြင်း ဆောင်ရွက်ရန်၊ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုး
တိုးတက်စေရန်နှင့် နိုင်ငံ များအကြား သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း
အခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီယက်နမ်ဘဏ်အကြား နားလည်မှုစာချွန်လွှာအရ
ငွေကြေး မူဝါဒ၊ ငွေရေးကြေးရေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဏ်လုပ်ငန်း စည်းမျဉ်း
စည်းကမ်း များနှင့် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးလုပ်ငန်းများအား နှစ်နိုင်ငံ ဗဟိုဘဏ်
များအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ပိုမိုအကောင်
အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန် မြို့၊ Melia ဟိုတယ်၌ ဆွေးနွေးခဲ့ကြကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။










