တောင်ကိုရီးယားထိပ်တန်းကုန်သွယ်ရေးလုပ်ငန်း တစ်ခုဖြစ်သော ပေါ်စကိုဒေဝူးကုမ္ပဏီသည်
ဒေါ်လာ သန်းပေါင်းများစွာကုန်ကျမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို မြန်မာနိုင်ငံတွင်
တည်ဆောက်ရန် အတွက် တစ်ဦးတည်းသော ဦးစားပေးလေလံဆွဲသူအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း
အဆိုပါကုမ္ပဏီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ သည်ကို ကိုးကားကာ
The Korea Herald သတင်းတစ်ရပ်တွင် သြဂုတ်လ ၁ ရက်နေ့က ဖော်ပြထားသည်။
မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ ခေါ်ယူသော နိုင်ငံတကာတင်ဒါခေါ်ယူပွဲတွင် တင်ဒါအောင်မြင်ခဲ့့ ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး စတီးလ်ထုတ်လုပ်သူ
ပေါ်စကိုကုမ္ပဏီ၏ လုပ်ငန်းခွဲ ဖြစ်သော ပေါ်စကိုဒေဝူူးကုမ္ပဏီက ပြောကြားခဲ့သည်။
ထိုကဲ့သို့ လေလံအောင်မြင်ခဲ့သည့်အတွက် နောင်အနှစ် ၂၀ တိုင်အောင် အိမ်သုံး၊
စက်မှုလုပ်ငန်းသုံးနှင့် မြန်မာနို နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားပေးဝေနိုင်ရေးအတွက်
အနောက်မြောက်ဘက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့တွင် ရေနွေးငွေ့ သုံး
ဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်သွားရမည်ဖြစ်သည်။ ယခုကဲ့သို့
လေလံအောင်မြင်ခဲ့ခြင်းမှာ အချိန်ကာလကြာ ရှည်စွာ ဒေသခံပြည်သူများ၏ အကျိုးအတွက်
မိမိတို့ဘက် မှ ဆောင်ရွက်ပေးခဲ့မှုများအပေါ် မြန်မာအစိုးရ၏ ယုံကြည်မှု ကို ပြသနေခြင်းဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် လုုပ်ကိုင် လျက်ရှိသော စီးပွားရေးလုပ်ငန်းကို တိုးချဲ့လိုပြီး အခြားသော
ကိုရီးယားကုမ္ပဏီများလည်း လာရောက်လုပ်ကိုင်နိုင်စေရန် လမ်းခင်းပေးလိုကြောင်း
ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေါ်စကိုဒေဝူး ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ၁၉၈၅ ခုနှစ်ကတည်းက စီးပွားရေးလာရောက်
လုပ်ကိုင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။










