နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဗြိတိန်နိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်
ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး
၁၆ ပါးတို့အား မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H .E. Andrew Patrick က
သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်၌ လာရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၂ ရက်နေ့က ဖော်ပြ ထားသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ရပ်တည်ချက်၊
ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဗြိတိန်သံအမတ်ကြီး၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဆရာတော်ကြီးများက ဘာသာရေး၊ သာသနာရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။










