ဒေဝူးအမျိုးအစားယာဉ်သစ် ၁၅ စီးကို BRT Lite ယာဉ်လိုင်း၌ ပြေးဆွဲရန်လွှဲပြောင်း

ဒေဝူးအမျိုးအစားယာဉ်သစ် ၁၅ စီးကို BRT Lite ယာဉ်လိုင်း၌ ပြေးဆွဲရန်လွှဲပြောင်း

ဒေဝူးဘတ်စ် (Daewoo BS 106) အမျိုးအစား ယာဉ်သစ် ၁၅ စီးကို BRT Lite ယာဉ်လိုင်းအတွင်း
ထည့်သွင်းပြေးဆွဲရန် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့က
ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ် လ ၂ ရက်နေ့က ဖော်ပြထားသည်။

လွှဲပြောင်းပေးအပ်မည့် ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်
သက်ဆိုင် ရာ တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လွှဲပြောင်းအပ်နှံမှုဖွင့်လှစ်ပွဲကို
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အများပြည်သူ ခရီးသွားလာမှုကို လွယ်ကူချောမွေ
့စေရန်နှင့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်မြင့်မားစေရန် ကြိုးပမ်းလျက်
ရှိကြောင်း၊ ယာဉ်သစ်များ၏ စွမ်းဆောင်မှုနှင့် အကျိုးပြုပုံများကိုလည်း ပြည်သူများကြား၌
လက်တွေ့ချပြနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ကို ဝန်ဆောင်မှုကောင်းများဖြင့်
လုံခြံုကောင်းမွန်ပြီး နေထိုင်ဖွယ်ရာကောင်းသည့် မြို့တော်ဖြစ်စေရေးအတွက် ပြည်သူ
တစ်ရပ်လုံးက ကြိုးပမ်းသွားရန် တိုက်တွန်းကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က
အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒေဝူးအမှတ်တံဆိပ်သည် မြန်မာပြည်သူများကြားတွင် ယခင် ကတည်းက ရင်းနှီးခဲ့သော ကားအမျိုး
အစားဖြစ်ပြီး ယခု ယာဉ်သစ် ၁၅ စီးကို Myanmar Coach Center Co., Ltd. က မြန်မာနိုင်ငံ၏
တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်း ခဲ့ကာ ရန်ကုန်ဘတ်စ်ကားများနှင့် သက်ဆိုင်သော
ကုမ္ပဏီထံသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။