ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးအား လာရောက်
လည်ပတ်သည့်ပြည်တွင်း၊ ပြည်ပဧည့်သည်များအဆင်ပြေစေနိုင်ရန်အတွက် အပျော်စီး
ရထားများအား ဂုတ်ထိပ်ဘူတာတွင် အခြေပြု၍ ပြေးဆွဲစေလိုကြောင်း တံတားကြီးသို့
လာရောက်လည်ပတ်သည့် ဧည့်သည်များ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။
လက်ရှိတွင် ဂုတ်ထိပ်တံတားကြီးပေါ်သို့ ခရီးသည်များ၏လုံခြံုရေးအတွက် ဖြတ်သန်းသွားလာခွင့်
တားမြစ်ထားသဖြင့် မြန်မာ့မီးရထားမှခရီးသည်များ အဆင်ပြေစေရန်ရထားနှင့် လူ ၅ဝ ဆံ့
RBE အပျော်စီးရထားများကို ခေါက်တိုပြေးဆွဲပေး လျက်ရှိသည်။
အဆိုပါ ရထားများအား ဂုတ်ထိပ်ဘူတာတွင် အခြေပြုပြေးဆွဲပေးပါက ခရီးသည်များလည်း
အဆင်ပြေစွာလေ့လာနိုင်မည့်အပြင် နိုင်ငံတော်မှလည်း ခရီးသွားကဏ္ဍမှ ဝင်ငွေပိုမိုရရှိနိုင်မည်
ဖြစ်ကြောင်း တံတားကြီးသို့ လာရောက်လည်ပတ်သူ ကိုကြည်စိုးက အကြံပြုပြောကြားခဲ့သည်။
လူ ၂ဝ ဆံ့ ၄င်း RGC ရထားမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝနှုန်းဖြင့် စင်းလုံးငှားပါက
ငွေကျပ် တစ်သိန်းကျသင့်မည်ဖြစ်ကာ လူ ၅ဝ ဆံ့ RBE ရထားမှာ စင်းလုံးငှားပါက
ကျပ် ၂၅ သိန်း ကျသင့်မည် ဖြစ်သည်။
- MOI Webportal Myanmar









